၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အုပ်စုမဲခွဲရာ မြန်မာအသင်း ဂျပန်၊ ကာဂျစ္စတန်၊ တာ့ခ်မင်နစ္စတန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်

ရန်ကုန်  ဇွန်  ၁၃
၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အုပ်စု မဲခွဲပွဲကို  ဇွန် ၁၃ ရက်ကကျင်းပရာ မြန်မာ အသင်းသည်   အုပ်စု  (I)   တွင်    ဂျပန်၊ ကာဂျစ္စတန်၊         တာ့ခ်မင်နစ္စတန်တို့နှင့် တစ်အုပ်စုတည်း  ကျရောက်ခဲ့သည်။
ယင်းခြေစစ်ပွဲကို   စက်တင်ဘာ   ၂၁ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ငါးသင်းငါးအုပ်စုနှင့် လေးသင်းငါးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပသည့် ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး  ၁၀ သင်း နှင့်       ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးငါးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။    အုပ်စု ခွဲဝေထားမှုအရ အုပ်စု (A) တွင် ဗီယက်နမ်၊ ဆီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဂူအမ်၊ အုပ်စု (B) တွင် ဥဇဘက်ကစ္စတန်၊ ဘာရိန်း၊ တရုတ်(တိုင်ပေ)၊  ကမ္ဘောဒီးယား၊   နီပေါ၊ အုပ်စု (C) တွင် တောင်ကိုရီးယား၊ လက်ဘနွန်၊ ယူအေအီး၊ ကူဝိတ်၊  မြောက်မာရီယာနာကျွန်းစု၊  အုပ်စု  (D)  တွင်   သြစတြေးလျ၊  ဆော်ဒီအာရေဗျ၊  ပါလက်စတိုင်း၊   အာဖဂန်နစ္စတန်၊  မကာအို၊ အုပ်စု (E)  တွင်  တာဂျစ်ကစ္စတန်၊      အိုမန်၊  မလေးရှား၊  သီရိလင်္ကာ၊  မြောက်ကိုရီးယား၊ အုပ်စု  (F)  တွင်   အင်ဒိုနီးရှား၊   ယီမင်၊ တီမော၊ မော်လ်ဒိုက်၊   အုပ်စု  (G)  တွင် အီရန်၊ မွန်ဂို လီးယား၊ အိန္ဒိယ၊ လာအို၊ အုပ်စု (H) တွင် အီရတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အုပ်စု  (I) တွင် ဂျပန်၊ ကာဂျစ္စတန်၊ မြန်မာ၊ တာ့ခ်မင်နစ္စတန်၊  အုပ်စု (J)တွင် ဂျော်ဒန်၊   ကာတာ၊  စင်ကာပူ၊ ဟောင်ကောင်အသင်းတို့      ပါဝင်နေသည်။ ယင်းအုပ်စုများကို    အိမ်ရှင်နိုင်ငံများအဖြစ် အုပ်စု (A)ကို ဗီယက်နမ်နိုင်ငံ၊ အုပ်စု (B) ကို တရုတ်(တိုင်ပေ)၊ အုပ်စု (C) ကို ကူဝိတ်နိုင်ငံ၊ အုပ်စု (D) ကို ဆော်ဒီအာရေဗျနိုင်ငံ၊ အုပ်စု (E) ကို  တာဂျစ်ကစ္စတန်နိုင်ငံ၊ အုပ်စု    (F)   ကို အင်ဒိုနီးရှားနိုင်ငံ၊ အုပ်စု (G) ကို လာအိုနိုင်ငံ၊ အုပ်စု (H) ကို ထိုင်းနိုင်ငံ၊ အုပ်စု (I) ကို ကာဂျစ္စတန် နိုင်ငံ၊ အုပ်စု (J)  ကို ကာတာနိုင်ငံတို့က လက်ခံ ကျင်းပမည်ဖြစ်သည်။
မြန်မာ   ယူ-၁၉  အသင်းကို   နည်းပြချုပ် အဖြစ် ဦးအောင်နိုင်က ကိုင်တွယ်နေပြီး အာရှ ဖလား ခြေစစ်ပွဲမတိုင်မီ ဇူလိုင်လတွင် ကျင်းပ မည့်  ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။                ရဲရင့်လွင်