၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများစိစစ်ခြင်းဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ
ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းဆပ်ကော်မတီများနှင့်ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်
လျာထားစီမံကိန်းလုပ်ငန်းများစိစစ်ခြင်းဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

 

နေပြည်တော် ဩဂုတ် ၁၄
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏   ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ    ကွပ်ကဲမှုအောက်ရှိ လုပ်ငန်း   ဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ များ၏ ၂၀၂၅-၂၀၂၆  ဘဏ္ဍာရေး နှစ်လျာထားစီမံကိန်း   လုပ်ငန်း များ  စိစစ်ခြင်းဆိုင်ရာ   လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို  ယနေ့မွန်းလွဲပိုင်း က     နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့   နယ်စပ် ဒေသနှင့်   တိုင်းရင်းသားလူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး       လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊  နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး   ထွန်းထွန်း နောင်၊ လုပ်ငန်းကော်မတီအတွင်း ရေးမှူးနှင့် လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲ တမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး   ဒေသ ဆိုင်ရာ လုပ်ငန်းကော်မတီများမှ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်   ဝန်ကြီးများက    Zoom Application Online System ဖြင့် တက်ရောက်ကြသည်။
ညှိနှိုင်းပေါင်းစပ်
ဦးစွာ   လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆    ဘဏ္ဍာရေးနှစ် အတွင်း     လျာထားစီမံကိန်း လုပ်ငန်းများ   စနစ်တကျ  စိစစ် ဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း  အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလေးလ တစ်ကြိမ် တင်ပြနိုင်ရေး ကြီးကြပ်ဆောင် ရွက်သွားကြရန်   ဖြစ်ကြောင်း၊ သက်ဆိုင်ရာ    ဝန်ကြီးဌာနများ အနေဖြင့်  မိမိတို့လျာထားမည့် စီမံကိန်းလုပ်ငန်းများသည် ဒေသ အတွက်   အမှန်တကယ်အကျိုး ဖြစ်ထွန်းမည့် ဖွံ့ဖြိုးရေးလုပ်ငန်း များ  ဖြစ်စေရန်အတွက်   ဒေသ ဆိုင်ရာ  ကော်မတီများဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့်  ချိတ်ဆက်၍ ညှိနှိုင်း ပေါင်းစပ်   ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း။
သက်ဆိုင်ရာ ဝန်ကြီးဌာနများ က   စီမံကိန်းများ    လျာထား ဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ခွင့်ပြုမှု ပေါ်အခြေခံပြီး လျာထားဆောင် ရွက်သွားကြရန်နှင့်     မိမိတို့၏ လျာထားစီမံကိန်းလုပ်ငန်းများကို ဖြစ်နိုင်ခြေ   ရှိ/ မရှိ    သုံးသပ်၍ လျာထားဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊      ယခင်လုပ်ငန်း ကော်မတီအစည်းအဝေး အမှတ် စဉ် (၁/၂၀၂၄)   ဆုံးဖြတ်ချက်များ ကို    အထူးအလေးအနက်ထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော် ရေး လုပ်ငန်းကော်မတီအနေဖြင့် ၂၀၂၄ - ၂၀၂၅    ဘဏ္ဍာရေးနှစ် အတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဗဟိုကော်မတီသို့ အချိန်မီ ပြုစုတင်ပြနိုင်ရေးအတွက် လုပ်ငန်း   ဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်း ကော်မတီ များက  ပူးပေါင်းဆောင်ရွက်ပေး ကြရန်နှင့် ၂၀၂၅-၂၀၂၆ လျာထား စီမံကိန်းလုပ်ငန်းများ     အရည် အသွေးပြည့်မီ၍ အချိန်မီပြီးစီးရေး၊ ဘဏ္ဍာငွေအလေအလွင့် နည်းပါး စေရေးတို့အတွက်   ကော်မတီ အလိုက် ပါဝင်ပတ်သက်ဆက်နွှယ် သူများအချင်းချင်း ပွင့်လင်းမြင်သာ မှုရှိစွာဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍  လုပ်ငန်းဆပ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး များနှင့်    ဒေသဆိုင်ရာလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊  လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ က   လက်ရှိဘဏ္ဍာနှစ်    လုပ်ငန်း ဆောင်ရွက်မှု    အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက်    ဆက်လက် ဆောင်ရွက်မည့်   အစီအမံများ၊ လုပ်ငန်း     ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ များအလိုက် ရှင်းလင်းတင်ပြကြ ပြီး အစည်းအဝေးသို့ တက်ရောက် လာသူများက   ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး လုပ်ငန်း ကော်မတီဥက္ကဋ္ဌက တင်ပြချက် များနှင့်  စပ်လျဉ်း၍     ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရ သည်။                  
  သတင်းစဉ်