၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် ကိုယ့် အားကိုယ်ကိုးစနစ်၊ နိုင်ငံတော် ဘတ်ဂျက်နှင့် မိမိတို့အစိုးရ၀န်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည် 

 

နေပြည်တော်   ဩဂုတ်    ၂၂


၂၀၂၄ ခုနှစ် လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏  ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ယနေ့   မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။ 

 

အစည်းအဝေးသို့       ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊    ကော်မရှင်အဖွဲ့ဝင်    ဒုတိယဝန်ကြီး များ၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့်  ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ကြသည်။

ဦးစွာ  ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က   အမှာစကားပြောကြားရာတွင်  ဗဟိုသန်းခေါင် စာရင်းကော်မရှင်၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀  ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး    အဆိုပါအစည်းအဝေးတွင် သန်းခေါင်စာရင်းအကြောင်း၊   သန်းခေါင်စာရင်း၏ ဝိသေသလက္ခဏာများ၊ မြန်မာနိုင်ငံတွင် ကောက်ယူ ခဲ့သည့်  သန်းခေါင်စာရင်းများ၏   သမိုင်းကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရခြင်း၏ ရည်ရွယ်ချက် များနှင့် အကျိုးကျေးဇူးများ၊ ၂၀၂၄ ခုနှစ်တွင် ထပ်မံ ကောက်ယူမည့်  လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စီမံဆောင်ရွက်ထားရှိမှုအခြေအနေ များ၊ လက်ရှိဆောင်ရွက်နေသည့် ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြ ပြီး  ဆုံးဖြတ်ချက် ၁၉ ချက်  ချမှတ်ကာ  On Going ဆောင်ရွက်ဆဲ ၅ ချက်ရှိပြီး ၁၄ ချက်မှာ ဆောင်ရွက်ပြီး ဖြစ်ကြောင်းကို  တွေ့ရှိရပါကြောင်း။


သန်းခေါင်စာရင်းကောက်ယူနိုင်ရေး   လုပ်ငန်း တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၅/၂၀၂၃ ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။


အလေးထားလုပ်ဆောင်သွားကြရမည်


မိမိတို့ ကော်မရှင်အနေဖြင့် အစိုးရအဖွဲ့၏ မူဝါဒ နှင့်အညီ ဦးဆောင်မှုပေးနိုင်ရေး၊ တာဝန်ရှိသည့် အဖွဲ့ အစည်းက တင်ပြလာသည့် အသေးစိတ်အစီအစဉ်နှင့် ညွှန်ကြားချက်များကို အတည်ပြုနိုင်ရေး၊ ဝန်ကြီးဌာန များ၊   တိုင်းဒေသကြီး/ ပြည်နယ်   အစိုးရအဖွဲ့များ နှင့်   ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊   သန်းခေါင်စာရင်း ကော်မတီများ       အဆင့်ဆင့်ဖွဲ့စည်းနိုင်ရေးနှင့် သန်းခေါင်စာရင်းအောင်မြင်ရေးအတွက် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အလေးထားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်သစ်များနှင့်     တိုင်းဒေသကြီး/ ပြည်နယ်    ဝန်ကြီးချုပ်များကို    သန်းခေါင်စာရင်း အကြောင်းနှင့်ပတ်သက်၍    အကျဉ်းချုပ်    ဦးစွာ ပြောကြားလိုကြောင်း။


နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့ သည့်   သန်းခေါင်စာရင်း   အတွေ့အကြုံများအရ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း သည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကုန်ကျ စရိတ်ကြီးမားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် ၁၀ နှစ်တွင် တစ်ကြိမ်သာ လူဦးရေသန်းခေါင်စာရင်း များကို  ကောက်ယူလေ့ရှိကြသည်ကို   တွေ့ရမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်း အပြီး   ၁၀ နှစ်အကြာ   ၂၀၂၄ ခုနှစ်တွင်   နောက် တစ်ကြိမ် သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူ ရမည်ဖြစ်ကြောင်း၊  အထူးသဖြင့်  စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက်    အခြေခံ အကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်အထိ   ရရှိနိုင်ရန်   သန်းခေါင် စာရင်းကို     မဖြစ်မနေ     ကောက်ယူသွားရမည် ဖြစ်ကြောင်း။


ထို့ကြောင့်  ၂၀၂၄  ခုနှစ်၊  အောက်တိုဘာ ၁ ရက် မှ   ၁၅ ရက်အထိ   ပြည်လုံးကျွတ်လူဦးရေနှင့်   အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွား မည်ဖြစ်ပြီး အောင်မြင်စွာ ကောက်ယူနိုင်ရန်နှင့် စာရင်း ကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲ များကို    ကြိုတင်ပြင်ဆင်ထားနိုင်ရန်    စမ်းသပ် သန်းခေါင်စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လတွင် မြို့နယ် ၂၀ အတွင်းရှိ စာရင်းကောက်ကွက် ၁၀၀ တွင် ပဏာမဆောင်ရွက်သွား မည်ဖြစ်ကြောင်း။


ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်

လူဦးရေနှင့်   အိမ်အကြောင်းအရာ  သန်းခေါင် စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိက တာဝန်ယူ အကောင်အထည်ဖော်      ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်နေသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့်  တိုင်းဒေသကြီး/ ပြည်နယ်  အစိုးရအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနက တင်ပြလာသော   သန်းခေါင်စာရင်းနှင့်    ပတ်သက် သည့်     အဆုံးအဖြတ်ပေးရမည့့်ကိစ္စရပ်များအပေါ်      အချိန်နှင့်တစ်ပြေးညီ လမ်းညွှန်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း။


သန်းခေါင်စာရင်း  ကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ဝန်ကြီးဌာန များအနေဖြင့်  ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က  ၂၀၂၃ ခုနှစ်၊  မတ် ၃၁ ရက်  ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် လမ်းညွှန်မှာကြား ခဲ့ကြောင်း၊   ထို့ကြောင့်   လက်ရှိ    တိုင်းဒေသကြီး/ ပြည်နယ်များတွင်  ဆောင်ရွက်နေသည့် သန်းခေါင် စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းနှင့် မကြာမီ ဆောင်ရွက်မည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းများတွင် သတ်မှတ်အချိန်ဇယားအတိုင်း အောင်မြင်စွာ  ဆောင်ရွက်ပြီးစီးနိုင်ရေး  တာဝန်ရှိ သူများက အနီးကပ်ကြီးကြပ်ကွပ်ကဲသွားရန် မှာကြား လိုကြောင်း။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအနေဖြင့်  ၂၀၁၄ ခုနှစ်တွင်  လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူခဲ့ပြီး  ၂၀၁၉ ခုနှစ်တွင်လည်း ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့သည့် အတွေ့အကြုံများစွာရှိခဲ့ပြီးဖြစ်ကြောင်း၊  ယခုအခါ တွင်လည်း ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေ နှင့်   အိမ်အကြောင်းအရာ   သန်းခေါင်စာရင်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန် ဇယားအတိုင်း အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ကြောင်း။


ယခင်သန်းခေါင်စာရင်းများ    ကောက်ယူခဲ့စဉ် က   နိုင်ငံတကာအဖွဲ့အစည်းများ၏   နည်းပညာနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များကို ရယူဆောင် ရွက်ခဲ့သော်လည်း ယခုဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူမှုကို  နိုင်ငံအတွင်းတွင် ရှိသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ စွမ်းအား၊ ပြည်သူလူထု၏     ပူးပေါင်းပါဝင်မှုနှင့်ပင်    အဓိက ဆောင်ရွက်ကြရမည်ဖြစ်ပြီး လိုအပ်သည့် ဘဏ္ဍာငွေ များကိုလည်း     နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


သန်းခေါင်စာရင်း      ကောက်ယူသည့်အခါတွင် လည်း အချက်အလက်များမှန်ကန်ပြီး အရည်အသွေး ကောင်းမွန်စေရန်၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီဖြစ်စေရန်၊ နိုင်ငံ့အတွက်လိုအပ်သည့် ညွှန်ကိန်း များ၊     လူမှုစီးပွားဆိုင်ရာ     အချက်အလက်များ ဖြည့်ဆည်းရရှိရန် အထူးအလေးထား ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းသည် အားလုံး နှင့် သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များက   နည်းပညာအပါအဝင်   သန်းခေါင်စာရင်း လုပ်ငန်းကို အထောက်အပံ့ဖြစ်စေမည့်ရင်းမြစ်များ ကို အကျိုးရှိရှိ မျှဝေသုံးစွဲကြရန် အလေးအနက်ထား    မှာကြားလိုကြောင်း။


သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်၊   ငွေကြေးနှင့်  လူအင်အားအပါအဝင်  အရင်း အမြစ်ပေါင်းများစွာကို ရင်းနှီးစိုက်ထုတ်ထားရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းရလဒ်များ သည်  နိုင်ငံတော်အတွက်  အသုံးဝင်သည့်  အချက် အလက်များဖြစ်သည့်အတွက်      သန်းခေါင်စာရင်း ကောက်ယူရေး   လုပ်ငန်းစဉ်တစ်ခုလုံး   ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။


သန်းခေါင်စာရင်း       ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စိန်ခေါ်မှုအမျိုးမျိုးနှင့် လုံခြုံရေး ပိုင်းဆိုင်ရာကအစ အခြားမမျှော်မှန်းနိုင်သည့် အခက် အခဲများလည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ တွေ့ကြုံ လာနိုင်သည့်  စိန်ခေါ်မှုများနှင့်  အခက်အခဲများကို ကျော်လွှားနိုင်ရန် ကြိုတင်စီမံဆောင်ရွက်သွားကြ ရမည်ဖြစ်ပြီး အောင်မြင်အောင် ဖြေရှင်းဆောင်ရွက် ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။


တွင်တွင်ကျယ်ကျယ် အသုံးပြုရမည်


သန်းခေါင်စာရင်းလုပ်ငန်းသည်    နိုင်ငံအတွင်း နေထိုင်သည့် လူအားလုံးနှင့်သက်ဆိုင်ပြီး သန်းခေါင် စာရင်းကောက်ယူခြင်း၏    အကျိုးရလဒ်များသည် နိုင်ငံတော်အတွက်    အရေးကြီးကြောင်း၊    မှန်မှန် ကန်ကန်ဖြေဆိုမှသာ အချက်အလက်များ၏ အရည် အသွေးကောင်းမွန်မည်ဖြစ်သည်ကို အများပြည်သူ သိရှိနားလည်ရန်  မီဒီယာကဏ္ဍသည်လည်း အလွန် အရေးကြီးကြောင်း၊  ထို့ကြောင့်  သန်းခေါင်စာရင်း အကြောင်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိ စေရန် အသိပညာပေးရေးနှင့် လှုံ့ဆော်ရေး သီချင်း များ၊ ဆောင်းပါးများ၊ ဗီဒီယို Clip များ ထုတ်လွှင့်ပြသ နိုင်ရေးကို  သတင်းဌာနများအပြင်  Social Media များကိုလည်း    တွင်တွင်ကျယ်ကျယ်   အသုံးပြုရမည် ဖြစ်ကြောင်း။


သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာမည်


၂၀၂၄ ခုနှစ်တွင်  ကောက်ယူမည့်  လူဦးရေနှင့် အိမ်အကြောင်းအရာ      သန်းခေါင်စာရင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်၊  နိုင်ငံတော်ဘတ်ဂျက်နှင့် မိမိတို့အစိုးရဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည့်အပြင်   ယခင်သန်းခေါင် စာရင်းများကဲ့သို့    တိကျခိုင်မာပြီး   အရည်အသွေးကောင်းမွန်ပြည့်စုံအောင် ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် မိမိတို့ နိုင်ငံ၏     စိန်ခေါ်မှုများကြားက   အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်    ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်က ပင်မ စမ်းသပ်သန်းခေါင်စာရင်း မကောက်ယူမီ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်နေ မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီများ   ဖွဲ့စည်းနိုင်ရေး   ဆောင်ရွက်နေမှု၊ သန်းခေါင်းစာရင်း ကောက်ယူခြင်းအတွက် သင်တန်း ဖွင့်လှစ်နိုင်ရေး  ဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်း အကြောင်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်ရေး ဆောင်ရွက်နေမှု၊ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင် ရေးအတွက်    သက်ဆိုင်ရာဝန်ကြီးဌာနများ၊   အဖွဲ့ အစည်းများနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေတို့ကို   အကျယ်တဝင့်   ရှင်းလင်း တင်ပြသည်။ 

ယင်းနောက်    ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်    သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့်  တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင် စာရင်း   အောင်မြင်စွာ   ကောက်ယူနိုင်ရေးအတွက်  လုပ်ငန်းဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက်   ပူးပေါင်းပါဝင်   ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။ 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးလုပ်ငန်းဆိုင်ရာများနှင့်  စပ်လျဉ်း၍  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးအကြံပြုတင်ပြကြသည်။ 


ထို့နောက်      ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များ နှင့်စပ်လျဉ်း၍   လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ကာ    အစည်းအဝေးကို    ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်