
၁။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ စုစုပေါင်း ၁၅ ရက်ကြာ ကောက်ယူမည်ဖြစ်ပါသည်။ ယင်းလုပ်ငန်း၏ အကြို လှုပ်ရှားမှုအဖြစ် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ အလွတ်တန်းနှင့် ဝါသနာရှင်အဆင့် ဆောင်းပါးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်အပ် ပါသည်။ ပြိုင်ပွဲဝင်များ၏ ဆောင်းပါးများတွင် အောက်ဖော်ပြပါ အဓိက အချက်များ ထည့်သွင်းရေးသားသင့်ပါသည် -
(က) သန်းခေါင်စာရင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူတိုင်း ပါဝင်ခွင့်ရသည့် တစ်ခု တည်းသော လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြည်သူလူထု ဗဟုသုတအဖြစ် သိရှိရန်
(ခ) ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း အထိမ်းအမှတ် “ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူများအနေဖြင့် စာရင်းကောက်များ၏ မေးမြန်းချက် များအပေါ် မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပြည်သူ များ ပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်နိုင်ရန်
(ဂ) လူဦးရေသန်းခေါင်စာရင်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရာတွင် အခြေခံအသုံးပြုရသည့် စာရင်းအင်း အချက်အလက်များ အနက် အဓိကကျသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်သူလူထုသိရှိနားလည်ရန်
(ဃ) ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူလူထု ကျယ်ပြန့်စွာ သိရှိလျက် ယင်းလုပ်ငန်း အောင်မြင်စွာပြီးမြောက်ရေးတွင် အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်ကြရန်
၂။ ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -
(က) အလွတ်တန်းအဆင့်ပြိုင်ပွဲ
- အသက် ၃၀ နှစ်နှင့်အထက် ပြိုင်ပွဲဝင်များ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်၊
- ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ ဖြစ်ရမည်၊
- ကွန်ပျူတာစာလုံး (Pyidaungsu) စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မ ပတ်လည် (Margins 1" ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာ စာစီ၍ ရေးသားပေးပို့ရမည်၊
- အခြားမှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် ဖန်တီးရေးသားထားသော စာမူရင်းဖြစ်ရမည်၊
- အခြားပြိုင်ပွဲများတွင် ဆုရရှိပြီးသော၊ ပုံနှိပ်ဖော်ပြထား သော စာမူများမဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသား ထားသော ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက်အကျဉ်း တို့ကို ဆောင်းပါးနှင့်အတူ ပေးပို့ရမည်။
(ခ) ဝါသနာရှင်အဆင့်ပြိုင်ပွဲ
- အသက် ၁၄ နှစ်မှ ၂၉ နှစ်အတွင်း ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်၊
- ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၁၀ မျက်နှာအထိ ဖြစ်ရမည်၊
- ကွန်ပျူတာစာလုံး (Pyidaungsu) စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မ ပတ်လည် (Margins 1" ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်၊
- အခြားမှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် ဖန်တီးရေးသားထားသော စာမူရင်းဖြစ်ရမည်၊
- အခြားပြိုင်ပွဲများတွင် ဆုရရှိပြီးသော၊ ပုံနှိပ်ဖော်ပြထား သော စာမူများ မဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသား ထားသော ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက်အကျဉ်း တို့ကို ဆောင်းပါးနှင့်အတူ ပေးပို့ရမည်။
၃။ ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင် စာမူ (Hard + Soft Copy)(Word + Pdf) တစ်စုံစီ၊ ပြိုင်ပွဲဝင် အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ် ရေးကတ်ပြားအမှတ်၊ ကာလာဓာတ်ပုံ ၂ ပုံ (Passport Size)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန်တကယ်အသုံးပြုသည့် ဖုန်းနံပါတ် တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ စာတည်း မှူးချုပ်၊ စာပေဗိမာန်ရုံး၊ ၃၇ လမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက် တံတားမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၃၈၇၇၂၄၊ ၀၁-၃၈၁၄၄၉ သို့ လည်း ကောင်း၊ အီးမေးလ်လိပ်စာ sarpaybeikman.sarpaybeikman@gmail.com သို့ လည်းကောင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပြီး အသေးစိတ် ကို စာပေဗိမာန် Website (www.sarpaybeikman-pol.gov.mm) နှင့် Facebook Page များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သတ်မှတ်ရက်ကျော်လွန်ပြီး စည်းကမ်းချက်များနှင့် မပြည့်စုံသော ဆောင်းပါးများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ဆုရစာမူများကို တရားဝင် အသုံးပြုခွင့်ပေးရန်နှင့် ဆုရွေးချယ်ခြင်းမခံရသော ဆောင်းပါးများကို ပြန်လည်ပေးပို့မည်မဟုတ်ကြောင်း အသိပေး အပ်ပါသည်။)
၄။ ဆုရရှိသူများစာရင်းကို အစိုးရသတင်းစာများတွင် လည်းကောင်း၊ စာပေဗိမာန်၏ Website နှင့် Facebook Page များတွင်လည်းကောင်း ကြေညာသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ နောက်ဆုံးပတ်တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
စာပေဗိမာန်
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန