၂၀၂၄ ခုနှစ်အတွက် သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားရန် ဒေါ်နယ်ထရမ့် စဉ်းစားလျက်ရှိ

 

ဝါရှင်တန်   နိုဝင်ဘာ   ၅


အမေရိကန်သမ္မတဟောင်း  ဒေါ်နယ်ထရမ့်သည် ၂၀၂၄     ခုနှစ်အတွက်    သမ္မတလောင်းအဖြစ်  ပါဝင်ယှဉ်ပြိုင်သွားရန်  နိုဝင်ဘာ  ၁၄  ရက်တွင် ကြေညာနိုင်ရေး  စဉ်းစားနေသည်ဟု  သိရသည်။ ဒေါ်နယ်ထရမ့်အနေဖြင့်         တရားဝင်ကြေညာမှု ပြုလုပ်ပြီးနောက်   နိုင်ငံရေးပွဲ   အမြောက်အမြား ပြုလုပ်သွားဖွယ်ရှိသည်ဟု မီဒီယာများတွင် ဖော်ပြ ကြသည်။ 

 


နိုဝင်ဘာ ၈ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်၌ ရီပတ်ဘလီကင်များမှာ နေရာများ ရနိုင်ခြေရှိသည်ဟု  နောက်ဆုံးကောက်ယူထား သည့်စစ်တမ်းများအရ    သိရသည်။   ထရမ့်ကို ထောက်ခံသည့်    ကိုယ်စားလှယ်လောင်းများ၏ အောင်မြင်မှုအဆင့်ဖြင့်   ထရမ့်၏    အောင်မြင်မှု  ထိန်းထားနိုင်သည့်အဆင့်ကို     ဆုံးဖြတ်ပေးသွား မည်ဟုလည်း လေ့လာသူများက ပြောသည်။ 

 


ပြီးခဲ့သည့်နှစ်  ဇန်နဝါရီလအတွင်းက   ထရမ့် ကို   ထောက်ခံသူများ   လွှတ်တော် အဆောက်အအုံကို        တိုက်ခိုက်မှုနှင့်            ပတ်သက်၍   အောက်လွှတ်တော်   အထူး ကော်မတီသည်    စုံစမ်းစစ်ဆေးမှုများ     ပြုလုပ်နေသည်။ အက်ဖ်ဘီအိုင်သည် လည်း  ထရမ့်နေအိမ်မှ စာရွက်စာတမ်းများ ကို  သိမ်းဆည်း ပြီးနောက်   စုံစမ်းစစ်ဆေးမှု ကို  ဆက်လက်လုပ်ဆောင်နေသည်။

 
အင်န်အိတ်ချ်ကေ