၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်၊ ထူးချွန်ကျောင်းသား ကျောင်းသူများထွက်ပေါ်

နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ယနေ့နံနက် ၆ နာရီမှ စတင်ကာ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်း ထုတ်ပြန် ဆောင်ရွက်မှုများကို စုစည်းဖော်ပြအပ်ပါသည်။ 
တာမွေ      
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၁၃၇ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂ ရာခိုင်နှုန်းရှိကာ သိပ္ပံ ဘာသာတွဲတွင်   စုစုပေါင်းရမှတ်  ၅၅၇  မှတ်ဖြင့်  မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ကျောင်းသားတစ်ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်း သား ၁၁၃ဦး၊ ကျောင်းသူ ၁၀၅ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၁၈ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား ၆၁ ဦး၊ ကျောင်းသူ ၆၇ ဦး   စုစုပေါင်း  ၁၂၈ ဦး၊  ပြင်ပမှဖြေဆိုသူ ကျောင်းသား ကျောင်းသူ ကိုးဦး အောင်မြင်ခဲ့ရာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၃၇ ဦး အောင်မြင်ခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ရှစ်ဦး စုစုပေါင်းဂုဏ်ထူးရှင် ၂၃ ဦး ထွက်ပေါ်ခဲ့သည်။                                                 နိုင်လင်းအောင်(ပြန်/ဆက်)
ကျုံပျော် 
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ အောက်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၄၉ ရာခိုင်နှုန်း ရှိပြီး ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ ၁၀ ဦး စာရင်းတွင် ကျုံပျော်မြို့နယ်မှ ပါဝင်ကြောင်း သိရသည်။
ဝိဇ္ဇာတွဲတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ ၁၀ ဦး တွင်  အထက (အင်းရဲ)မှ မစမ်းမေသူက ရမှတ်ပေါင်း ၄၈၈ မှတ်ဖြင့် အဋ္ဌမနေရာကို ရရှိခဲ့သည်။
ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန ၁၀ ခုဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကျောင်းသား ကျောင်းသူ ၆၄၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး  ၄၁၄ ဦး အောင်မြင်ကာ ခြောက်ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာဂုဏ်ထူး ရှင် ၃၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၈ ဦး  စုစုပေါင်း ဂုဏ်ထူးရှင် ၁၂၄ ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။           မြို့နယ်(ပြန်/ဆက်)
ဘားအံ
၂၀၂၄  ခုနှစ်    တက္ကသိုလ်ဝင်စာမေးပွဲ    အောင်စာရင်းကို  ယနေ့ ထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ၊ သံတောင် ကြီး၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်တို့ရှိ ပညာရေးမှူးရုံးများနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် အောင်စာရင်းများ ထုတ်ပြန်ထားပြီး ကရင်ပြည်နယ် အနေဖြင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ၄၆ ဒသမ ၂၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကရင်ပြည်နယ်တွင်  ၂၀၂၄  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၂၁၈၂ ဦး ရှိရာ စုစုပေါင်း အောင်မြင်သူ ၁၀၀၈ ဦးဖြစ်ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊  လေးဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်  ၁၅ ဦး၊  နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၉၆ ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ  ၁၅၉ ဦးရှိကြောင်း  ပြည်နယ်ပညာရေးမှူးရုံးမှ   သိရ သည်။                                                          
    ခရိုင် (ပြန်/ဆက်)
ကျောင်းကုန်း 
၂၀၂၄ ခုနှစ်   တက္ကသိုလ်ဝင်စာမေးပွဲတွင်  ကျောင်းကုန်းမြို့နယ်မှ ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် သုံးဦး၊ လေးဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ကိုးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၇၅ ဦးနှင့် ရိုးရိုးအောင်မြင်သူ   ၃၇၈   ဦးရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်း စာစစ်ဌာန ၁၂ ခု၌ ဖြေဆိုသူစုစုပေါင်း ၇၉၀ အနက် အောင်မြင်သူ ၅၀၆ ဦးရှိသဖြင့် အောင်ချက်  ၆၄ ဒသမ ၀၅ ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံး (ဝိဇ္ဇာတွဲ)အမှတ်အများဆုံး ၁၀ ဦး တွင် ကျောင်းကုန်းမြို့မှ မအေးသီတာသည် လေးဘာသာဂုဏ်ထူးဖြင့် အဆင့်(၇) ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 
ဝင်းကြိုင်(ပြန်/ဆက်)
ပင်းတယ
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယမြို့နှင့်  ရွာငံမြို့နယ်တို့ရှိ ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်ကျောင်းများ တွင် အောင်စာရင်းများ ထုတ်ပြန်ထားသည်။
 ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၇၂၆ ဦးရှိရာ စုစုပေါင်းအောင်မြင်သူ ၃၈၈ ဦးဖြစ်ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊  သုံးဘာသာဂုဏ်ထူး ရှင် ငါးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၅ ဦး၊ ဂုဏ်ထူးရကျောင်းသား ကျောင်းသူစုစုပေါင်း ၆၁ ဦးရှိကြောင်း ဒေသပညာရေးမှူးရုံးမှ သိရသည်။           
 အောင်ကိုဦး(ပြန်/ဆက်)
အမ်း
ရခိုင်ပြည်နယ်    အမ်းမြို့နယ်တွင်  ၂၀၂၃-၂၀၂၄   ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုကြသော ကျောင်းသား  ကျောင်းသူများ တွင်   ငါးဘာသာဂုဏ်ထူးရှင်  တစ်ဦးအပါအဝင်  ဂုဏ်ထူးများဖြင့် အောင်မြင်ကြသော ကျောင်းသား ကျောင်းသူ ၅၄ ဦးရှိကာ အောင်မြင် သူ စုစုပေါင်း ၃၆၈ ဦးရှိပြီး အောင်ချက် ၅၅ ဒသမ ၅၁ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲအောင်မြင်သူများတွင်  ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၂ ဦးရှိကာ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၅၄ ဦးရှိသည်။         
  မြို့နယ်(ပြန်/ဆက်)