၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၆၂ ဦးနှင့် သမိုင်းဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၇ ဦးရှိ

 

နေပြည်တော်   မတ်   ၁၅
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာနအပါအဝင်  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရူပဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၆၂ ဦးနှင့် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၇ ဦးရှိကြောင်း သိရသည်။
ယခုနှစ်တွင် ရူပဗေဒဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၂၄ ခု စာစစ်ဌာန စုစုပေါင်း ၈၃၅ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဖြေဆိုရန်စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၂၅၈၇၀ရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၆၂ ဦး၊ ပျက်ကွက် ၁၄၄၀၈ ဦး ရှိသဖြင့်  ရာခိုင်နှုန်းအားဖြင့် ၈၈ ဒသမ ၅၅ ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်၌ နိုင်ငံခြားစာစစ်ဌာန နှစ်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၀၇ ခု စာစစ်ဌာန စုစုပေါင်း ၇၀၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဖြေဆိုရန်စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၀၆၅၁ ဦးရှိပြီးလာရောက် ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၇ ဦး၊ ပျက်ကွက် ၃၄၄၄ ဦးရှိသဖြင့်  ရာခိုင်နှုန်းအားဖြင့် ၈၃ ဒသမ ၃၂ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ  သိရသည်။ 
သတင်းစဉ်