
နေပြည်တော် ဒီဇင်ဘာ ၂၃
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာ ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ နယ်မြေပညာရေးမှူး၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အဆင့် ကျင်းပသည့် စာမေးပွဲဖြစ်၍ အလွန်အရေးကြီးပါ ကြောင်း၊ ပုံမှန်ဆောင်ရွက်နေကြ စာမေးပွဲလုပ်ငန်း ဖြစ်သော်လည်း KG+12 စနစ်သစ်ပညာရေး၏ ပထမ ဦးဆုံးစာမေးပွဲဖြစ်၍ ဆရာ ဆရာမများအနေဖြင့် စာမေးပွဲလုပ်ထုံး၊ လုပ်နည်းများဖြင့် စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေး ပိုမိုအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နေရာသုံးခုခွဲ၍ ကျင်းပခဲ့ပါ ကြောင်း၊ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၄၅၂၀၀ ခန့် စာရင်းပေးသွင်းထားပါ ကြောင်း၊ စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့် အညီ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် အားလုံးက ကျရာအခန်းကဏ္ဍများမှ ညီညီ ညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း၊ စာမေးပွဲလုပ်ငန်းဆောင်ရွက်စဉ် လိုအပ် သည့် အခက်အခဲများရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနရှိ တာဝန်ရှိသူများနှင့် ပညာရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများထံ အမြန်ဆုံးသတင်းပေးပို့ကြရန်နှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်း အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ဆောင် ရွက်နေကြသည့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တာဝန်ရှိ သူများနှင့် အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနတို့မှ ဆရာ ဆရာမများအားလုံးကို အထူး ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပြီး ဆွေးနွေးပွဲ/ သင်တန်းသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် အခမ်းအနားကို အစီအစဉ်တိုင်း ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသန့်က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး ဆွေးနွေးပွဲ/ သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်တို့က စာမေးပွဲ ဆိုင်ရာလုပ်ငန်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က စာမေးပွဲဖြေဆိုခွင့် ဆိုင်ရာလုပ်ငန်းများ အခန်း(၁) ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က စာစစ် ဌာန လျာထားသတ်မှတ်ခြင်းနှင့်ကြီးကြပ်ရေးခန့်ထား ခြင်း အခန်း(၂)(၃)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက စာမေးပွဲ ကာလမေးခွန်းလွှာဆိုင်ရာ ညွှန်ကြားချက်များ အခန်း (၄) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာ မြတ်စိုးအောင်က ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေး မှူးနှင့် ရုံးအဖွဲ့များဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များ အခန်း(၅) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကြံပေး ဦးအောင်ချိုသန်းက စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များ၊ ပြစ်ဒဏ်များ အခန်း(၆)ကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးလွင်က ကြီးကြပ်ခ၊ အသေး သုံးစရိတ်ဆိုင်ရာလုပ်ငန်းများ အခန်း(၇)ကိုလည်း ကောင်း ဆွေးနွေးကာ ပို့ချပေးကြပြီး ဆွေးနွေးပွဲ/သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်