
နေပြည်တော် မေ ၈
တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့် သင်ကြားလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေရှိ နေပြည်တော်စခန်း တန်းခွဲ(၁)၊ နေပြည်တော်စခန်း တန်းခွဲ(၂)၊ ရန်ကုန်တိုင်းဒေသ ကြီးရှိ အင်းယားရေကြောင်းလူငယ်စခန်း၊ ကိုကိုး ကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် မွန်ပြည် နယ် မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းတို့တွင် လှေလှော်ရွက်တိုက်ဘာသာရပ်ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ ရေယာဉ်ပေါ်လက်တွေ့ လေ့လာရေးအားလည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းတို့တွင် အခြေခံ ရေတပ်သားဘာသာရပ်ကိုလည်းကောင်း တာဝန်ရှိ သူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။
အလားတူ တပ်မတော်(လေ)က ၂၀၂၄ ခုနှစ် အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်းများကို ဖွင့်လှစ် သင်ကြားလျက်ရှိရာ ယနေ့တွင် အခြေခံစစ်ရေးပြ ဘာသာရပ်၊ လေကြောင်း ပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရားဘာသာ ရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိ မာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်း နှင်ခြင်း ဘာသာရပ်နှင့် RC/ Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များအပြင် တပ်မတော် (လေ) ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို သိရှိ နားလည်စေရန် ပျံသန်းရေးအုပ်များနှင့် ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ ကွင်းဆင်းလေ့လာခြင်းများကို လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။
ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် လေကြောင်းလူငယ် စခန်းတို့၌ လေ့ကျင့်သင်ကြားနေမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်း မောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်