၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၂၁


ပြန်ကြားရေးဝန်ကြီးဌာန   မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန     ပြည်သူ့အင်အား ဦးစီးဌာနနှင့်     ပညာရေးဝန်ကြီး ဌာန    အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်      ဆောင်ရွက်သည့်  ၂၀၂၄   ခုနှစ်   လူဦးရေနှင့်   အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း   လုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို    ယနေ့နံနက်ပိုင်းက နေပြည်တော်    တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်      ရုပ်မြင်သံကြား ၌  ကျင်းပသည်။


အဆိုပါ      ရုပ်မြင်သံကြား ဉာဏ်စမ်း      ပဟေဠိပြိုင်ပွဲသို့ ပြန်ကြားရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင် မောင်အုန်း၊    လူဝင်မှုကြီးကြပ်ရေး နှင့်      ပြည်သူ့အင်အားဝန်ကြီး ဌာန        ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊      ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊    ပညာရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊  ပြန်ကြားရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ  ဌာန ဆိုင်ရာ       အကြီးအကဲများနှင့်  ဝန်ထမ်းများ၊               ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ MRTV   အခြေခံ ပညာ    အထက်တန်းကျောင်းမှ ကျောင်းသား    ကျောင်းသူများ၊ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင် စာရင်းကောက်ကြစို့   ဆောင်းပါး ပြိုင်ပွဲမှ ဆုရရှိသူများနှင့် ဖိတ်ကြား ထားသူများ    တက်ရောက်ကြ သည်။


ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား      ဝန်ကြီးဌာန၊ ပြည်သူ့အင်အား      ဦးစီးဌာနမှ ဝန်ထမ်းများက   “နိုင်ငံ့အကျိုး မျှော်ကိုးရည်     သန်းခေါင်စာရင်း ကောက်ကြမည်”     တေးသီချင်း ဖြင့်   ဖျော်ဖြေတင်ဆက်ကြသည်။


ထို့နောက် ၂၀၂၄ ခုနှစ် လူဦး ရေနှင့်      အိမ်အကြောင်းအရာ သန်းခေါင်စာရင်း    ကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ“ရေဒီယို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ”  ယှဉ်ပြိုင်  မှု  ပုံရိပ်များ Video Clip ကို ပြသ ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြ မည့် ကျောင်းသား   ကျောင်းသူ  ၁၀ ဦးတို့က တစ်ဦးချင်း မိတ်ဆက် ကြသည်။


ပါဝင်ယှဉ်ပြိုင်ဖြေဆို


ဆက်လက်၍ “ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ”      အစီ အစဉ်ကို   Round    လေးခုဖြင့် ကျင်းပရာ  Round    (1)  တွင် ဘာသာရပ်ဆိုင်ရာ မေးခွန်း(၁၀)ခုကို  အဖြေမှန်ရွေးချယ်ခြင်းဖြင့် လည်းကောင်း၊   Round(2)တွင် ဘာသာရပ်ဆိုင်ရာ  မေးခွန်း (၁၀)ခု ကို  အမှား/အမှန် ရွေးချယ်ခြင်း ဖြင့်လည်းကောင်း၊ Round(3)တွင်  ဘာသာရပ်ဆိုင်ရာ  မေးခွန်း (၁၀)ခုကို      ကွက်လပ်ဖြည့်နည်းဖြင့် လည်းကောင်း၊ Round(4)တွင် ရုပ်မြင်သံကြားဆိုင်ရာ  မေးခွန်း (၁၀) ခုကို    TV   Spot နှင့် တေး သီချင်းများ    ဖွင့်လှစ်ပြသမှုဖြင့် လည်းကောင်း    ကျောင်းသား ကျောင်းသူ ၁၀ ဦးတို့က     ပါဝင် ယှဉ်ပြိုင်ဖြေဆိုကြသည်။


ယင်းနောက် ဗဟိုသန်းခေါင် စာရင်းကော်မရှင်          ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က အမှာစကားပြောကြားရာတွင် ပြည်လုံးကျွတ်   သန်းခေါင်စာရင်း အောင်မြင်စွာ  ကောက်ယူနိုင်ရေး အတွက် ယခုအခါ  ပြည်သူလူထု အသိပညာပေး   လုပ်ငန်းများကို  တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိပါကြောင်း၊  ယခုလည်း မိမိတို့ဝန်ကြီးဌာနနှင့် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနတို့   ပူးပေါင်းကာ   ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပခြင်းဖြစ်ရာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ များနှင့်   ပံ့ပိုးကူညီဆောင်ရွက်  ပေးသူအားလုံးကို   ကျေးဇူးတင်ရှိ ပါကြောင်း။


သန်းခေါင်စာရင်းကို     မြန်မာ နိုင်ငံတွင်  ၂၀၂၄   ခုနှစ်၌   ရှိသည့် ခန့်မှန်းလူဦးရေ   ၅၆   သန်းကျော် နှင့်   ခန့်မှန်းအိမ်ထောင်စု  ၁၃ သန်းခန့်ကို     အခြေခံတွက်ချက် ကောက်ယူမည်ဖြစ်ပြီး   သန်းခေါင် စာရင်းကောက်ယူရန်   သန်းခေါင် စာရင်း   ရည်ညွှန်းချိန်ကို    ၂၀၂၄ ခုနှစ် စက်တင်ဘာ  ၃၀ ရက်  ည သန်းခေါင်ယံအချိန်ကို သတ်မှတ် ထားပါကြောင်း၊   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာရင်းကောက် ကွက်ပေါင်း  ၁ သိန်း  ၁ သောင်းခန့် ရှိမည်ဖြစ်ရာ  သန်းခေါင်စာရင်း ကောက်ယူရာတွင်   စာရင်းစစ်၊ စာရင်းကောက်     ၄    သောင်း  ၂    ထောင်ခန့်ဖြင့်     ကောက်ယူ ဆောင်ရွက်ရန်      လျာထားပါ ကြောင်း၊   သန်းခေါင်စာရင်းကို အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း  ၆၈ ခု၊   အဖွဲ့အစည်း မေးခွန်းပုံစံအတွက်      မေးခွန်း ၁၈   ခုဖြင့်   တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်ရာ    ပြည်သူ များအနေဖြင့် စာရင်းစစ်၊ စာရင်း ကောက်များ၏     မေးမြန်းသည့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့်   ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထု     အသိပညာပေး လုပ်ငန်းကိုလည်း ထိထိရောက် ရောက်ဆောင်ရွက်လျက်ရှိ ပါကြောင်း။


ဆွေးနွေးပြောကြား


ယခု      သန်းခေါင်စာရင်းကို   နည်းပညာအသုံးပြု၍    Mobile Tablet  များဖြင့်  ကောက်ယူပြီး ရုံးချုပ်သို့    Online   စနစ်ဖြင့်  ပေးပို့   ဆောင်ရွက်မည်ဖြစ်သည့် အတွက် အချက်အလက်များကို မှန်မှန်နှင့်မြန်မြန်    သိရှိနိုင်မည် ဖြစ်ပြီး ရှေ့ပြေးလူဦးရေစာရင်းကို လည်း  အချိန်တိုတိုအတွင်း သိရှိ ထုတ်ပြန်နိုင်မည်  ဖြစ်ပါကြောင်း၊ ယင်း    အချက်အလက်များကို မကြာမီကျင်းပတော့မည့် အထွေ ထွေရွေးကောက်ပွဲတွင် အဓိကကျ သည့် မှန်ကန်သော မဲစာရင်းပြုစု နိုင်ရေးအတွက် အထောက်အကူ ပြု အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်ကြရမည်     ဖြစ်ရာ   လုပ်ငန်းစဉ်ဆောင်ရွက်မှုကို   ပြည်သူများ သိရှိနားလည်လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် ယခု ကဲ့သို့ ပြည်သူလူထုအသိပညာပေး လုပ်ငန်းများအား   ကျယ်ကျယ် ပြန့်ပြန့်   ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း     ဆွေးနွေးပြောကြားသည်။


ထို့နောက်     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   ဝန်ထမ်းများက ၂၀၂၄    ခုနှစ်   လူဦးရေနှင့်   အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ လှုံ့ဆော်တေးများ      ဖြစ်သည့်  “သမိုင်းမှတ်တိုင်   စိုက်ထူနိုင်ပြီ” တေးသီချင်းနှင့်    “ကျေးဇူးပြု၍ ဖြေပေးပါ”  တေးသီချင်းတို့ဖြင့်  ဖျော်ဖြေတင်ဆက်ကြသည်။


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က “ရုပ်မြင် သံကြား ဉာဏ်စမ်းပဟေဠိ”ပြိုင်ပွဲ တွင်   ပူးတွဲပထမဆုရရှိကြသည့် မကဗျာထက်နိုင်နှင့် မခင်နေခြည် ထွန်းတို့အားလည်းကောင်း၊ ပူးတွဲ ဒုတိယဆု        ရရှိကြသည့် မောင်အောင်လင်းခန့်၊ မကေသရီ စိုးစံနှင့်  မနှင်းဧပရယ်မိုးတို့အား လည်းကောင်း၊   အထူးဆုရရှိသူ ငါးဦးတို့အားလည်းကောင်း   ဆု တံဆိပ်၊ ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်း များ ပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ     လှုံ့ဆော်ရေး လုပ်ငန်းများတွင်   ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသော ပြန်ကြား ရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့်   ပညာရေး ဝန်ကြီးဌာန၊   အခြေခံပညာဦးစီး ဌာနတို့အား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်နှင့် အခြေခံပညာဦးစီး ဌာန   ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးမြင့်ထွန်းတို့က လက်ခံရယူကြသည်။


ပေးအပ်ချီးမြှင့်


ထို့နောက်      “နိုင်ငံ့အကျိုး မျှော်ကိုးရည်     သန်းခေါင်စာရင်း ကောက်ကြမည်”     တေးသီချင်း အသစ်တစ်ပုဒ်အား     မေတ္တာဖြင့် တီးခတ်ပေးသော   မြဝတီရုပ်မြင် သံကြားတေးဂီတအဖွဲ့နှင့်    ၎င်း တေးသီချင်းအား     မေတ္တာဖြင့် ရေးစပ်သီကုံးပေးသော ဦးသိန်းရွှေ ဝင်းတို့အား ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်း က      “ပြည်သူအားလုံးပါဝင်လို့   သန်းခေါင်စာရင်း   ကောက်ကြစို့” ဆောင်းပါးပြိုင်ပွဲ  (အလွတ်တန်း အဆင့်)တွင် ဆုရရှိသူငါးဦးတို့အား လည်းကောင်း၊ ပညာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး  ဒေါက်တာ ဇော်မြင့်က    ဆောင်းပါးပြိုင်ပွဲ (ဝါသနာရှင်အဆင့်)တွင်   ဆုရရှိ သူ   ငါးဦးတို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးများနှင့်   အဖွဲ့ဝင်များက ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ များ၊ ဆောင်းပါးပြိုင်ပွဲ (အလွတ် တန်းနှင့်   ဝါသနာရှင်)  အဆင့် ဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အတူ     စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်    အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား စားရိပ်သာ၌  ဆုရရှိကြသူများ၊ ပြိုင်ပွဲဝင်များ၊   တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့်   အတူ နေ့လယ်စာ သုံးဆောင်ကြသည်။


မွန်းလွဲပိုင်းတွင် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိ      ပြိုင်ပွဲဝင် ကျောင်းသား     ကျောင်းသူများ၊  ဆောင်းပါးပြိုင်ပွဲ  (အလွတ်တန်း နှင့် ဝါသနာရှင်)အဆင့် ဆုရရှိသူ များ၊ ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများသည် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ    မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ News Channel Studio နှင့် Farmer’s Channel Studio တို့တွင် သတင်းရိုက်ကူးထုတ်လွှင့်မှုများအားလည်းကောင်း၊ မြန်မာ့အသံနှင့်      ရုပ်မြင်သံကြား      စိန်ရတုပြတိုက်တွင်    ခင်းကျင်း ပြသထားရှိမှုများအား   လည်း ကောင်း စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာကြသည်။


၂၀၂၄   ခုနှစ်     လူဦးရေနှင့် အိမ်အကြောင်းအရာ   သန်းခေါင် စာရင်း    ကောက်ယူမှုလုပ်ငန်း စဉ်ကို  ၂၀၂၄  ခုနှစ်   အောက်တို ဘာ  ၁   ရက်မှ    ၁၅   ရက်အထိ   နိုင်ငံတစ်ဝန်းလုံးတွင်  ဆောင်ရွက် ကြမည်ဖြစ်ရာ   အဆိုပါလုပ်ငန်းစဉ် အပေါ် ပြည်သူများ စိတ်ဝင်စားမှု ပိုမိုရရှိပြီး   ပါဝင်ဆောင်ရွက်လာ နိုင်ရေးနှင့်  အသိပညာမျှဝေရန် အတွက်   လူထုလှုပ်ရှားမှုတစ်ခု အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊    ပြည်သူ့ အင်အားဦးစီးဌာနနှင့်   ပညာရေး ဝန်ကြီးဌာန၊  အခြေခံပညာဦးစီး ဌာနတို့  ပူးပေါင်းဆောင်ရွက်မှုဖြင့်     အခြေခံပညာအဆင့် အသက် ၁၄ နှစ်မှ  ၁၇ နှစ် အထိ  ကျောင်းသား  ကျောင်းသူ  ငါးဦးစီ   ပါဝင်ယှဉ်ပြိုင် သည့်   ရေဒီယိုဉာဏ်စမ်းပဟေဠိ    ပွဲစဉ် ၅ ပွဲကို ၂၀၂၄  ခုနှစ်  မတ်လမှ စတင်၍ ဇူလိုင်လအထိ နေပြည် တော်နှင့်    ရန်ကုန်တွင်   လစဉ် ကျင်းပခဲ့ပြီး အဆိုပါ ပြိုင်ပွဲများမှ ပထမနှင့် ဒုတိယဆုရရှိကြသည့် ကျောင်းသား ကျောင်းသူ  ၁၀ ဦး တို့က  ယနေ့ကျင်းပသည့်  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူ မှုလုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။


ထုတ်လွှင့်ပြသမည်


အဆိုပါ      ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပုံ များကို ယနေ့ ည  ၈ နာရီ သတင်း များအပြီး  ည  ၉   နာရီခန့်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV HD Channel  မှ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်