၂၀၂၄ ခုနှစ် လူငယ်ဖိုရမ် အခမ်းအနားကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၁၃


“လူငယ်ကဏ္ဍမြှင့်တင်လို့    ပိုမို ကောင်းမွန်တဲ့   လူ့အဖွဲ့အစည်း ဖန်တီးစို့”  ဆောင်ပုဒ်ဖြင့်   ၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်    နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C) ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ       ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊   ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊   ဦးမင်း သိန်းဇံနှင့်     ဒေါက်တာစိုးဝင်း၊ နေပြည်တော်    ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ ပြည်နယ်နှင့်   တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ  လူမှုရေးရာ ဝန်ကြီးများ၊   ဌာနဆိုင်ရာအကြီး အကဲများ၊    အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊   အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းလူငယ် များ၊    နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်   တိုင်းဒေသကြီးများ မှ  လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့်    လေကြောင်း လူငယ်များ၊ ကြက်ခြေနီနှင့် ကင်း ထောက်လူငယ်များ၊  စေတနာ့ ဝန်ထမ်းလူငယ်များ၊   နေပြည် တော်ရှိ  တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ၊ အခြေခံကျောင်း များမှ ကျောင်းသား ကျောင်းသူ များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ လူငယ်များနှင့်  နယ်ပယ်ပေါင်းစုံ များမှ လူငယ်များ တက်ရောက်ကြ သည်။


နိုင်ငံတော်အလံအလေးပြု


ဦးစွာ  ပြည်ထောင်စုဝန်ကြီး များက အခမ်းအနားသို့တက်ရောက် လာကြသူများနှင့် အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။


ထို့နောက် မြန်မာနိုင်ငံလူငယ် ရေးရာ     ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက    လူငယ်ဖိုရမ် ကျင်းပရသည့်  ရည်ရွယ်ချက်မှာ “လူငယ်စွမ်းအား  ပြည့်အင်အား ဖြင့် ရှေ့သို့လှမ်းချီ  မြန်မာပြည်” ဆိုသည့်   မျှော်မှန်းချက်နှင့်အညီ လူငယ်များ        မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်များ   တိုးပွားလာ ပြီး အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များတွင် အဓိက အင်အားစုများအဖြစ် ပါဝင်လာ နိုင်စေရန်၊ မိမိနိုင်ငံနှင့် ယဉ်ကျေး မှုအပေါ် တန်ဖိုးထားချစ်မြတ်နိုး စိတ်များ တိုးပွားလာပြီး နိုင်ငံသား ကောင်းတစ်ယောက်၏   အခွင့် အရေးနှင့်  တာဝန်များကို    ပိုမို နားလည်လာစေရန်၊ မတူညီသည့် ဒေသအသီးသီးက     လူငယ်များ တွေ့ဆုံဆွေးနွေးခွင့်    ရရှိသည့် အတွက် လူငယ်ထုအကြား ရင်းနှီး ချစ်ခင်မှုနှင့်    နားလည်ယုံကြည် မှု   တည်ဆောက်ပေးနိုင်စေရန်၊  လူငယ်များ၏    တန်ဖိုးရှိသည့် စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေ ရေး    ဆောင်ရွက်ပေးနိုင်ရန်နှင့် နိုင်ငံ၏      ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်  လူငယ်များ တက်ကြွစွာ   ပူးပေါင်းပါဝင်လာ ခြင်းအားဖြင့်    ရေရှည်တည်တံ့ သောဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင် ပေးနိုင်ရန် ဖြစ်ကြောင်း။


 ဝိုင်းဝန်းဆွေးနွေး


လူငယ်ကဏ္ဍ   ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်   အကြံပြု ချက်များကို   Agenda    2030 အလွန်   ၂၀၄၀   ပြည့်နှစ်အထိ မျှော်တွေးကာ ဆွေးနွေးဖော်ထုတ် သွားမည်ဖြစ်သည့်အတွက် Panel session သုံးခုအပေါ်    အခြေပြု ညှိနှိုင်းအဖြေရှာ၍ ရေရှည်ရေတို လုပ်ငန်းအစီအမံများ  ချမှတ်နိုင် အောင်    သက်ဆိုင်ရာကဏ္ဍများ အလိုက် တက်တက်ကြွကြွ စိတ်ပါ ဝင်စားစွာ    ဝိုင်းဝန်းဆွေးနွေးကြ ကာ သက်ရွယ်စုံညီပါဝင်သည့် လူမှု စီးပွားဘဝ သာယာဖွံ့ဖြိုးတိုးတက် ပြီး သဟဇာတဖြစ်သည့် အနာဂတ် လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီး ပုံဖော်နိုင်ပါစေကြောင်း ပြောကြား သည်။  


ယင်းနောက်     ပြည်ထောင်စု ဝန်ကြီး  ဦးမင်းသိန်းဇံက   ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့အထိမ်းအမှတ်   အခြေခံ ပညာအထက်တန်းအဆင့်   စာစီ စာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ နှင့် တတိယဆု  ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊     ဂုဏ်ပြု မှတ်တမ်းလွှာနှင့်   ဂုဏ်ပြုဆုငွေ များကို  လည်းကောင်း၊    ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ် များနေ့   အထိမ်းအမှတ်အခမ်း အနား၊ လူငယ်ဖိုရမ်၊ လူငယ်လေ့လာ ရေး ခရီးစဉ်နှင့်   လူမှုအကျိုးပြု လုပ်ငန်းများအတွက်   အလှူငွေ လှူဒါန်းခဲ့ကြသည့် အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း  ပေးအပ်ချီးမြှင့်ကြ သည်။
ဖျော်ဖြေတင်ဆက်
ဆက်လက်၍ လူငယ်ဂုဏ်ပြု တေးသီချင်းဖြစ်သည့် “ ရောင်စုံ ဥယျာဉ်” တေးသီချင်းဖြင့် လည်း ကောင်း၊ ကချင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့က “ မမေ့နိုင် တဲ့မြေ” တေးသီချင်းနှင့် တွဲဖက်၍ ရိုးရာအကဖြင့်    လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊     ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်    အခမ်း အနားသို့   တက်ရောက်လာကြ သည့်  လူငယ်ကိုယ်စားလှယ်များ နှင့်အတူ   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် လူငယ်ဖိုရမ်ကို ဆက်လက်ကျင်းပသည်။  (လူငယ် ဖိုရမ်တွင် ကဏ္ဍအလိုက် ဆွေးနွေး မှုများကို  စာမျက်နှာ  ၇  ဖော်ပြ ထားပါသည်။)


ကဏ္ဍအလိုက်    ဆွေးနွေးမှု များအပြီးတွင်     ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က   လူငယ်ဖိုရမ် သို့    တက်ရောက်လာကြသည့် လူငယ်    ကိုယ်စားလှယ်များနှင့် စေတနာ့ဝန်ထမ်း   လူငယ်များ ကိုယ်စား  လူငယ်ကိုယ်စားလှယ် တစ်ဦးကို  ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ    လူငယ်ဖိုရမ်ကို ရုပ်သိမ်းလိုက်သည်။
လူငယ်ဖိုရမ်သို့ တက်ရောက် လာကြသည့်လူငယ်များ   အသိ ပညာဗဟုသုတများ  တိုးပွားကာ ဗလငါးတန်   ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် ပညာရေးဆိုင်ရာ  အခွင့်အလမ်း များနှင့်  လူငယ်ဆိုင်ရာ   သတင်း အချက်အလက်များ၊ မိတ်ဖက်အဖွဲ့ အစည်းများ၏    ထုတ်ကုန်များ နှင့်   အထိမ်းအမှတ်ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ လူငယ်ဖွံ့ဖြိုး တိုးတက်ရေးလှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများပြသခြင်း၊  စစ်တမ်း ကောက်များ   ကောက်ယူခြင်း၊ ဉာဏ်စမ်းမေးခွန်းများ    မေးမြန်း ခြင်း၊ ဆုလက်ဆောင်များပေးအပ် ခြင်းနှင့်   စုပေါင်းဂိမ်းကစားခြင်း စသည့်   အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။


ဆက်လက်တင်ပြသွားမည်


လူငယ်ဖိုရမ်မှ   သက်ဆိုင်ရာ ခေါင်းစဉ်အလိုက်    ဆွေးနွေး၍ ထွက်ပေါ်လာသည့်    ရလဒ်များ၊ အကြံပြုချက်များကို   စုစည်းကာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် မဟာဗျူဟာ၊ လုပ်ငန်း စီမံချက်များတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်နိုင်ရေး မူဝါဒဆိုင်ရာ အကြံပြုချက်များအဖြစ်   မြန်မာ နိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ သို့    ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်