၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော် (World Youth Festival 2024 ) သို့ မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်တက်ရောက်

 

ဆိုချီ(ရုရှား)  မတ်  ၇


၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော် (World Youth Festival 2024 ) ကို ရုရှားနိုင်ငံ ဆိုချီမြို့တွင် မတ် ၁ ရက်မှ  ၆ ရက်အထိ ကျင်းပရာ မြန်မာနိုင်ငံကိုယ်စားပြု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊  သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊     စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ   လူငယ် ၁၀ ဦး ပါဝင်တက်ရောက်ကြသည်။ 


အဆိုပါ ပွဲတော်ကို “အနာဂတ်ကို အတူတကွစတင်ကြပါစို့” ( Let's start the Future Together)     ဆောင်ပုဒ်နှင့်အညီ    ကမ္ဘာကြီး၏ အနာဂတ်အတွက်   လူငယ်များ   အတူတကွ   ပေါင်းစည်းညီညွတ်၍ ငြိမ်းချမ်းချစ်ကြည်မှု   ဖော်ဆောင်ပေးနိုင်ရန်နှင့်      ကမ္ဘာ့လူငယ်များ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ရာ ကမ္ဘာ့ နိုင်ငံအသီးသီးမှ   လူငယ်နှစ်သောင်းခန့်  ပါဝင်တက်ရောက်ခဲ့သည့် အကြီးဆုံး လူငယ်ပွဲတော်ဖြစ်ကြောင်း၊  ရုရှားနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများမှ အသက်   ၁၈  နှစ်မှ  ၃၅  နှစ်အထိ    ကျောင်းသား၊   ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊      မီဒီယာသမားများ၊     ယဉ်ကျေးမှုနှင့် အားကစားသမားများ၊    စေတနာ့ဝန်ထမ်းများ   ပါဝင်တက်ရောက် ကြသည်။ 


ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် က ကမ္ဘာ့နိုင်ငံအသီးသီးမှ တက်ရောက်လာကြသည့် လူငယ်ကိုယ်စား လှယ်  ၁၀၀ ကျော်နှင့်  မတ် ၆ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် တွေ့ဆုံခဲ့ရာ   မြန်မာနိုင်ငံကိုယ်စားပြု၍   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ရင်းနှီးမြှုပ်နှံမှုနှင့်    ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ မပုလဲဖြူ၊   ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့်   ရုပ်မြင်သံကြားမှ   မောင်သက်ပိုင်စိုးနှင့်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မမြတ်သန္တာအောင်တို့ သုံးဦးအား ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ပြီး တက်ရောက်ခဲ့ကြသည်။ 


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံအသီးသီးမှ လူငယ်များက ရိုးရာဝတ်စုံများ ဝတ်ဆင်၍ တက်ရောက်ကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း မြန်မာ့ရိုးရာဝတ်စုံများဝတ်ဆင်၍ ပါဝင်တက်ရောက်ခဲ့သည်။ 


တွေ့ဆုံပွဲ၌ ရုရှားသမ္မတက လူငယ်များ အနာဂတ်ဖွံ့ဖြိုးတိုးတက် စေရန် တိုက်တွန်းအားပေးစကားများ ပြောကြားပြီး  လူငယ်ကိုယ်စား လှယ်များက ကမ္ဘာကြီးနှင့် အနာဂတ်လူငယ်များအကြောင်း၊  ငြိမ်းချမ်း ရေး၊ စီးပွားရေး၊ ပညာရေးနှင့် လက်မှုနည်းပညာများအကြောင်းတို့ကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးမေးမြန်းကြရာ ရုရှားသမ္မတနှင့်အဖွဲ့က ပြန်လည်ဖြေကြားသကဲ့သို့  တက်ရောက်လာသည့် လူငယ်များကလည်း ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော်ကို နိုင်ငံတကာအဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ  လက်ခံကျင်းပပေးခြင်းအပေါ် ရုရှားသမ္မတနှင့်တကွ ရုရှားပြည်သူများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြန်လည်ပြောကြားကြသည်။ 


ယင်းပွဲတော်ကာလအတွင်း တက်ရောက်လာကြသည့် လူငယ်များ သည် ရုရှားနိုင်ငံ၏   အထင်ကရနေရာများသို့   သွားရောက်လေ့လာ လည်ပတ်ခဲ့ကြကြောင်းလည်း သိရသည်။

 
သတင်းစဉ်