၂၀၂၄ ခုနှစ် ဇန်နဝါရီလ လပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်    ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပါ သည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်     အများအားဖြင့် သာယာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်   ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ 
မိုးအခြေအနေနှင့် မိုးရွာရက်
မိုးရွာသွန်းမှုအခြေအနေမှာ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့်  ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်း နိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်   မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်    ရှမ်းပြည်နယ် တို့တွင် ၄ ရက်မှ  ၆ ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တစ်ရက်မှ သုံးရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 
ညအပူချိန် 
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့်  မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင်   ဇန်နဝါရီလ  ပျမ်းမျှအပူချိန်ခန့်သာ   ရှိနိုင်ပါ သည်။ 
မြူအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊   ကချင်ပြည်နယ်၊  ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်   ၁၈ ရက်မှ ၂၅ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၁၀ ရက်မှ ၁၇ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ၂ ရက်မှ ၉ ရက်ခန့် နံနက်ပိုင်းတွင် မြူထူ များ ဆိုင်းနိုင်ပါသည်။ 
မြစ်ရေအခြေအနေ
၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီး နားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေး မြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် တစ်ပေမှ တစ်ပေခွဲခန့်၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်   နှစ်ပေမှ နှစ်ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက် မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ပေခွဲမှ နှစ်ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် တစ်ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေ သည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ တစ်ပေခွဲခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ပေမှ တစ်ပေခွဲခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူး မြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် တစ်ပေခန့်စီ၊ သံလွင် မြစ်ရေသည် ဘားအံမြို့တွင်  နှစ်ပေခန့်၊  သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် တစ်ပေခန့်၊  ငဝန်မြစ်ရေသည်   ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့ တို့တွင် တစ်ပေမှ တစ်ပေခွဲခန့်၊ တိုးမြစ် ရေသည် မအူပင်မြို့တွင် နှစ်ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝ မြို့နှင့်  ကျောက်တော်မြို့တို့တွင်  တစ်ပေခန့်စီ၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် တစ်ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့ တွင်   တစ်ပေခန့်  လက်ရှိရေမှတ်များအောက်    ကျဆင်းလာနိုင်ပါ သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန