၂၀၂၄ ခုနှစ် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်

နေပြည်တော်   ဇွန်   ၁၁
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။ အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ် ပြင်နှင့်    ဘင်္ဂလားပင်လယ်အော်တို့တွင်    အားအသင့်အတင့်မှ အားကောင်းနိုင်သည်။ 
မိုးအခြေအနေနှင့် မိုးရွာရက်
မိုးရွာသွန်းမှုအ‌ခြေအနေမှာ   ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီ တိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊  ကချင်ပြည်နယ်၊  ရှမ်း ပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။ 
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရှစ်ရက်မှ ၁၀ ရက်ခန့်နှင့် နေပြည် တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊   ချင်း ပြည်နယ်နှင့်   ကယားပြည်နယ်တို့တွင်   လေးရက်မှ ခုနစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်။ 
မြစ်ရေအခြေအနေ
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့ တို့တွင် ငါးပေမှ ကိုးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာ နိုင်ပြီး ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့ တို့တွင် သုံးပေမှ ငါးပေခန့်နှင့် အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ခြောက်ပေမှ ၁၁ ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်သည်။ 
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ခုနစ်ပေမှ ၁၀ ပေခန့်နှင့် ကလေး၀မြို့၊ မင်းကင်း မြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် သုံးပေမှ ငါးပေခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်သည်။ 
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ငါးပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေ သည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် တစ်ပေမှ သုံးပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် နှစ်ပေခန့်၊ ပဲခူး မြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် နှစ်ပေမှ‌ သုံးပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် နှစ်ပေခန့်၊ ငဝန်မြစ်ရေသည် ပုသိမ်မြို့တွင် တစ်ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခွဲ ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် နှစ်ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင်  ငါးပေခန့်၊  ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ငါးပေခန့်နှင့် သာပေါင်းမြို့တွင် တစ်ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်သည်။ 
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန