၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာ

 

ဝါရှင်တန်     နိုဝင်ဘာ   ၁၆


အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု တရားဝင်ကြေညာခဲ့သည်။ ဖလော်ရီဒါရှိ ၎င်းပိုင်ဆိုင်သည့်အပန်းဖြေစခန်း၌  နိုဝင်ဘာ ၁၅ ရက်က မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

 


အမေရိကန်နိုင်ငံကို နောက်တစ်ကြိမ် ခမ်းနား ကြီးကျယ်သည့်နိုင်ငံအဖြစ် ပြုလုပ်ရန်  အမေရိကန် သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဒေါ်နယ်ထရမ့်က   ကြေညာခဲ့သည်။   ကြားဖြတ် ရွေးကောက်ပွဲ    နောက်ဆုံးရလဒ်များ   ထွက်ပေါ်လာ ချိန်နှင့်တိုက်ဆိုင်စွာ    ဒေါ်နယ်ထရမ့် က   ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်ဟု   နိုင်ငံရေးစောင့်ကြည့် သူများက ပြောသည်။   အက်ဖ်ဘီအိုင်မှ   ထရမ့်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေရာ ယင်းအပေါ် အာရုံ စိုက်မှုများရှောင်ရှားရန် ကြိုးပမ်းနေခြင်းဖြစ်သည် ဟုလည်း အချို့ကသုံးသပ်ကြသည်။ 

 


အက်ဖ်ဘီအိုင်အေးဂျင့်များသည်   ထရမ့်၏ နေအိမ်တွင် အထောက်အထားအချက်အလက်များ ကို  ရှာဖွေကြသည်။  ကြားဖြတ်ရွေးကောက်ပွဲတွင် မျှော်မှန်းထားသလောက်   အောင်မြင်မှုမရရှိသည့် အပေါ်တာဝန်ယူရန်   ထရမ့်ကို   ရီပတ်ဘလီကင် အချို့က တောင်းဆိုထားကြသည်။ 


အင်န်အိတ်ချ်ကေ