
နေပြည်တော် ဩဂုတ် ၃၀
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းက ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ဝန်ကြီးရုံးအသင်းနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာ ထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်အားကစားသမား များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဖူဆယ်ပြိုင်ပွဲ ကျင်းပရခြင်းသည် မြန်မာ့ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ဝန်ထမ်းများအချင်းချင်း သွေးစည်းညီညွတ်မှု ရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွား စေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပါ ကြောင်း။
ယခုဖူဆယ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနလေးခုရှိ ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းတို့မှ အားကစားသမားဝန်ထမ်းများက အားကစား စိတ်ဓာတ်ကို အရင်းခံ၍ တရားသောယှဉ်ပြိုင်ခြင်း ဖြင့် စိတ်အားတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြမှုကို အလွန်ပင်ဝမ်းမြောက်မိပါကြောင်းနှင့် အားကစား ပြိုင်ပွဲများကို ပုံမှန်ကျင်းပနိုင်ရေး ဖြစ်မြောက် အောင် တတ်အားသရွေ့ တာဝန်ရှိသူများအနေဖြင့် အဘက်ဘက်က ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်နှင့် နိုင်ငံ့ဝန်ထမ်းအားကစားများအနေဖြင့် ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ရန် ဆက်လက်ကြိုးစား၍ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက် သွားကြရန် ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အသင်းကို လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ဒုတိယဆုရရှိသည့် အသင်းကို အမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ ပထမဆုရရှိ သည့်အသင်းကို ပြည်ထောင်စုဝန်ကြီးက လည်း ကောင်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်