၂၀၂၄ အာရှဖလားဖူဆယ်ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့်အတူ ခြေစစ်ပွဲအောင် အသင်းအားလုံး စုံလင်စွာထွက်ပေါ်

 

ရန်ကုန်   အောက်တိုဘာ    ၁၃


၂၀၂၄ အာရှဖလား  ဖူဆယ်ခြေစစ်ပွဲမှ နောက်ဆုံးကျန်ရှိသည့် အုပ်စု(A) နောက်ဆုံးနေ့ကို   အောက်တိုဘာ ၁၃ ရက်က ကျင်းပပြီးစီးခဲ့ပြီး ခြေစစ်ပွဲအောင် အသင်းအားလုံး စုံလင်စွာ ထွက်ပေါ်လာပြီဖြစ်သည်။


အာရှဖလား ဖူဆယ်ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပခဲ့ပြီး အုပ်စု (A) ပွဲစဉ်များမှာ အောက်တိုဘာ  ၁၃ ရက်က  ပြီးဆုံးခဲ့ပြီး ကျန်အုပ်စုခုနစ်ခုမှာမူ အောက်တိုဘာ ၁၁ ရက် ကတည်းက ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းနှင့်အတူ ခြေစစ်ပွဲအောင်   ၁၅ သင်းစလုံး   ထွက်ပေါ်လာပြီဖြစ်သည်။ ခြေစစ်ပွဲအပြီးတွင် အုပ်စု (A) ၌ တရုတ်အသင်း က  ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမ၊    အုပ်စု   (B) ၌    အာဖဂန်နစ္စတန်အသင်း က   ခုနစ်မှတ်ဖြင့်   အုပ်စုပထမ၊ ဆော်ဒီ အာရေဗျအသင်းက     ခြောက်မှတ်ဖြင့်   အုပ်စုဒုတိယ၊   အုပ်စု(C)၌   အီရန်အသင်း က ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ကာဂျစ္စတန် အသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(D) ၌ ဗီယက်နမ်အသင်းက ကိုးမှတ် ဖြင့်   အုပ်စုပထမ၊   တောင်ကိုရီးယား အသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊  အုပ်စု(E) ၌ တာဂျစ်ကစ္စတန်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်း က ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (F)၌ ကူဝိတ်အသင်းက ကိုးမှတ်ဖြင့်  အုပ်စုပထမ၊       ဘာရိန်းအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (G) ၌ ဥဇဘက်ကစ္စတန်အသင်းက ကိုးမှတ် ဖြင့် အုပ်စုပထမ၊  အီရတ်အသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (H) ၌     ဂျပန်အသင်းက   ခြောက်မှတ်ဖြင့် အုပ်စုပထမ၊    သြစတြေးလျအသင်းက သုံးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ခြေစစ် ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ 


ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ   အုပ်စု ရှစ်ခုမှ   ထိပ်ဆုံးရှစ်သင်းနှင့်   ဒုတိယ နေရာရအသင်းများအနက် အကောင်းဆုံး ခုနစ်သင်း       ခြေစစ်ပွဲအောင်မြင်ခြင်း ဖြစ်ပြီး     အုပ်စု (A) တွင်   နှစ်သင်းသာ ရှိသဖြင့် အုပ်စုပထမနေရာရ တရုတ် အသင်း ခြေစစ်ပွဲအောင်မြင်ပြီး ကျန်အုပ်စု ခုနစ်ခုမှ     ဒုတိယနေရာရအသင်းများ  ခြေစစ်ပွဲ      အောင်မြင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲတွင် ပါလက် စတိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အိန္ဒိယ အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရကာ တာဂျစ်ကစ္စတန်အသင်းကို   သုံးဂိုးပြတ် အရေးနိမ့်ပြီး    နှစ်ပွဲနိုင်၊    တစ်ပွဲရှုံး ခြောက်မှတ်ဖြင့်    ခြေစစ်ပွဲအောင်မြင်ခဲ့ ခြင်းဖြစ်သည်။
နောက်ဆုံးအဆင့်ပြိုင်ပွဲကို ထိုင်းနိုင်ငံ က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ် ပြီး ၂၀၂၄ ခုနှစ်  ဧပြီ  ၁၇ ရက်မှ ၂၈ ရက် အထိ ကျင်းပမည်ဖြစ်သည်။


ရဲရင့်လွင်
ဓာတ်ပုံ-MFF