
ရန်ကုန် နိုဝင်ဘာ ၁
၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲအတွက် ဆီဒင်သတ်မှတ် ချက်တွင် မြန်မာအသင်းသည် Pot-3 ၌ ပါဝင်နေသည်။ ၂၀၂၄ အာရှ ဖလား ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် အုပ်စုမဲခွဲပွဲကို ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မဲခွဲရန် ဆီဒင်သတ်မှတ်ချက်တွင် Pot-1 ၌ အိမ်ရှင် ထိုင်း၊ ဂျပန်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ Pot-2 ၌ တာဂျစ်ကစ္စတန်၊ ဗီယက်နမ်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ Pot-3 ၌ အီရတ်၊ ဘာရိန်း၊ တောင်ကိုရီးယား၊ မြန်မာ၊ Pot-4 ၌ ကာဂျစ္စတန်၊ အာဖဂန်နစ္စတန်၊ ဩစတြေးလျ၊ တရုတ်အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ခဲ့သဖြင့် နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်ပြီး နောက်ဆုံးအဆင့်ကို အိမ်ရှင်ထိုင်းအသင်း၊ ခြေစစ်ပွဲအောင် ၁၅ သင်း စုစုပေါင်း ၁၆ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိ တာဂျစ်ကစ္စတန်နိုင်ငံ၌ကျင်းပ သည့် ခြေစစ်ပွဲတွင် တာဂျစ်ကစ္စတန်၊ အိန္ဒိယ၊ ပါလက်စတိုင်းအသင်းတို့နှင့် ပါဝင်ခဲ့ပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ခြောက်မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင် ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပါလက်စတိုင်းနှင့် အိန္ဒိယတို့ကို အနိုင်ရကာ တာဂျစ်ကစ္စတန်ကို အရေး နိမ့်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်