၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်

 

နေပြည်တော်  ဇွန်  ၁
၂၀၂၄-၂၀၂၅  ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အနောက်တောင်   တိုင်းစစ်ဌာန ချုပ်မှ ကျောင်းသား  ကျောင်းသူ များအား   ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်း ကို    ယနေ့     မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ   တိုင်းမှူး   ဗိုလ်ချုပ် ဝေလင်းနှင့်     တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ   တိုင်းမှူးက   အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား  ကျောင်းသူများ အတွက်    ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့်   တက်ရောက်လာ ကြသူများက    ကျောင်းသား ကျောင်းသူများ၏     “မြန်မာ့ ကျောင်း”     သီချင်းဖြင့်     သီဆို ဖျော်ဖြေမှုကို   ကြည့်ရှုအားပေး ကြပြီး   ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ကြသည်။
အလားတူ  တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ    တပ်နယ် အသီးသီးတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြား ကြမည့် ကျောင်းသား  ကျောင်း သူများအား သက်ဆိုင်ရာတပ်နယ် အသီးသီးရှိ    တာဝန်ရှိသူများက  ကျောင်းဝတ်စုံများ၊   စာရေးကိရိ ယာများနှင့်    ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်