၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပြဋ္ဌာန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ 
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊  ၂၂  /၂၀၂၄)
    ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော်  ၅  ရက်    
(၂ဝ၂၄ ခုနှစ်၊ မတ်လ  ၂၉   ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အပိုင်း ၁
အမည်နှင့် စတင်အကျိုးသက်ရောက်သည့် နေ့ရက်
၁။    (က)    ဤဥပဒေကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။
    (ခ )    ဤဥပဒေသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက် စေရမည်။
အပိုင်း ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ 
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊                   ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ
အခန်း(၁)
ရငွေများနှင့် သုံးငွေများ
၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊    ပြည်ထောင်စုလွှတ်တော်ရုံး၊   ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊   ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်    ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊       ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီး ဌာနများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်း များကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၃။    (က)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊    ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊  ပြည်ထောင်စုလွှတ်တော်ရုံး၊   ပြည်သူ့ လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊    ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်ရုံး၊    ပြည်ထောင်စု     စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ဦးစီးဌာနများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန် ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်  သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    ( ခ)    ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား   အပ်နှင်းထားသော   လုပ်ပိုင်ခွင့်များကို   မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    ( ဂ)    ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်။
၄။    (က)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊   ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊  ပြည်ထောင်စုလွှတ်တော်ရုံး၊  ပြည်သူ့ လွှတ်တော်ရုံး၊    အမျိုးသားလွှတ်တော်ရုံး၊     ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊      ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်ရုံး၊     ပြည်ထောင်စု     စာရင်းစစ်ချုပ်ရုံး၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ဦးစီးဌာနများသည်  ရငွေများကို  စီမံကြီးကြပ် ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသော   ရငွေတို့ ထက်   တိုး၍ဖြစ်စေ၊  လျော့၍ဖြစ်စေ   ရသောရငွေများနှင့် စပ်လျဉ်း၍      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင် ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်  ထည့်သွင်းဖော်ပြရ မည်။ ပြုပြင်ပြီး  ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ   ဖြစ်ပေါ်သော  ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
    (ခ )    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊    ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊  ပြည်ထောင်စုလွှတ်တော်ရုံး၊   ပြည်သူ့ လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထား သော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ်  လွှဲပြောင်း သုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပုဒ်မ ၁၁ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးစွဲသည့်အသုံးစရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ်အတွက်   ပြုပြင်ပြီး   ခန့်မှန်းခြေ ငွေစာရင်းများတွင်   ထည့်သွင်းဖော်ပြရမည်။  ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ် သော    ပြောင်းလဲခြင်းများကို    အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
    ( ဂ)    ပြည်ထောင်စုအစိုးရအဖွဲ့သည်   ဤဥပဒေ၏  ပုဒ်မ  ၁၁ အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ် ချင်း          အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြအတည်ပြု ချက်ရယူရမည်။
၅။    ပြည်ထောင်စုအစိုးရအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်  အရအသုံး ခန့်မှန်းခြေငွေစာရင်းများအရ လိုအပ်သည့်ငွေကို  ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ   သင့်တင့်လျောက်ပတ်စွာ   ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စအဖြစ် ထောက်ပံ့ခြင်း၊ လိုအပ်သည့် ချေးငွေများ ထုတ်ချေး ခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။
အခန်း(၂)
ငွေချေးယူခြင်း
၆။    ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်များအတွက်ဖြစ် စေ၊ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ် များအတွက်ဖြစ်စေ၊ ပြည်ထောင်စုက တာဝန်ယူရသော ချေးငွေစာချုပ် များ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှ ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ငွေချေးယူနိုင်သည်။  ထိုသို့ချေးငွေရယူသည့်အခါ   သင့်သည်ထင်မြင် သည့် အတိုးနှုန်းများ  သတ်မှတ်နိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန် သို့မဟုတ်    အခြားနည်းစီမံရန်    စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။ သို့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူ ခြင်းအတွက် အတိုးနှုန်းနှင့်  လိုအပ်သော   စည်းကမ်းချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းပြီးမှ သတ်မှတ်နိုင်သည်။
၇။    ပြည်ထောင်စုအစိုးရအဖွဲ့က ယခင်ဘဏ္ဍာရေးနှစ်အတွင်း လိုအပ် ငွေများ ဖြည့်တင်းရန် အာမခံစာချုပ်များ ရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့်စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ်အသစ်များဖြင့် လဲလှယ်နိုင်သည်။
၈။    ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက   ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများ ဖြည့်တင်းရန် အစိုးရ ငွေချေးသက်သေခံလက်မှတ်များ   ဝယ်ယူခြင်းနှင့်   ရောင်းချ ခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တာဝန်ပေးအပ်နိုင်သည်။
၉။    ပြည်ထောင်စုအစိုးရအဖွဲ့သည်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အတည်ပြုချက်ဖြင့် လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း ပြည်ပမှ ငွေချေးယူနိုင်သည်။ ပြည်ပမှရရှိသော ချေးငွေများကို နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်နေသော လုပ်ငန်း များသို့  သင့်လျော်သော စည်းကမ်းချက်များသတ်မှတ်၍ ပြန်လည်ထုတ်ချေးခွင့်ပြုနိုင်သည်။
၁၀။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤအခန်းပါ ကိစ္စရပ်များ အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အား လုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်။
    ( ခ )    ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအခန်း (၁၀) နှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည်  ဤအခန်းပါ  ငွေချေးယူသော   ကိစ္စများအတွက် နိုင်ငံတော်ကိုယ်စား အာမခံချက်ပေးနိုင်သည်။
၁၁။    ဇယား (၁)၊ (၃) နှင့် (၇) တို့တွင် ဖော်ပြလျာထားသော ရငွေများ အနက် ချေးငွေစာချုပ်   ချုပ်ဆိုပြီးသည့်  ပြည်ပချေးယူရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသော ငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား (၂)၊ (၄) နှင့် (၈) တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက် ပိုမိုသုံးစွဲ ရန် လိုအပ်ပါက   ပြည်ထောင်စုအစိုးရအဖွဲ့က    စိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းဖြင့်ဖြစ်စေ၊  ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှဖြစ်စေ ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုခဲ့သည့် သုံးငွေများကို ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ် အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရ မည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ    တင်ပြချိန်နောက်ပိုင်းမှ ခွင့်ပြုခဲ့သည့်သုံးငွေများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြ ရမည်။
၁၂။     ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ တွင်   ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ဤအခန်းအရ ငွေချေး စာချုပ်များချုပ်ဆိုပြီးနောက်     အမှန်တကယ်ချေးယူရရှိသည့် ငွေစုစုပေါင်းသည်    ကျပ်သန်းပေါင်းကိုးဆယ့်ခြောက်သိန်းထက် မပိုစေရ။    ယင်းတွင်    ဘဏ္ဍာရေးနှစ်အတွင်း    ပြည်ပချေးငွေ၌   အမှန်တကယ် ထုတ်ယူသုံးစွဲငွေနှင့်   ပြည်တွင်းချေးငွေ၌   အသားတင်    ဖြည့်ဆည်းငွေတို့  အကျုံးဝင်သည်။
(ဆက်လက်ဖော်ပြပါမည်)