
ထိုက်ယွမ် မတ် ၂၅
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်သည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးအခြေခံ အဆောက်အအုံ ဆောက်လုပ်မှုမြှင့်တင်သည့် အနေဖြင့် ယခုနှစ်တွင် 5G အခြေစိုက်စခန်းပေါင်း ၂၅၀၀၀ ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရ သည်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပါပြည်နယ် ၌ 5G အခြေစိုက်စခန်းပေါင်း ၆၇၀၀၀ ခုကို တည်ဆောက်နိုင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး၊ သတ္တု တွင်းတူးဖော်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အပါအဝင် နယ်ပယ်ကဏ္ဍအသီးသီး၌ အဆိုပါ 5G နည်းပညာကို အသုံးချလုပ်ဆောင်ခဲ့ကြောင်း ပြည်နယ် စက်မှုနှင့်သတင်းအချက်အလက် နည်းပညာဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် 5G နည်းပညာများနှင့် ကွန်ရက်ချိတ်ဆက်မှုများ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ၂၀၂၅ ခုနှစ် မတိုင်မီ တရုတ်နိုင်ငံသည် မြို့ကြီးများနှင့် မြို့များ အားလုံးအပြင် ကျေးရွာများပါမကျန် 5G ကွန်ရက် လွှမ်းခြုံမှုရှိစေရန် ရည်ရွယ်ထားသည်။
ဆင်ဟွာ