၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း မြင့်မားလာနိုင်

 

ကမ္ဘောဒီးယားနိုင်ငံသည်    တရုတ်နိုင်ငံ၏ လုပ်ဖော်ကိုင်ဖက်နိုင်ငံတစ်ခုအဖြစ် ကာလ ရှည်ကြာရှိခဲ့ရာ BRI   စီမံကိန်းများကြောင့် နိုင်ငံ၏    ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ တိုးတက်လာခဲ့သည်ကို   မြင်တွေ့ရသည်။ တရုတ် - အာဆီယံလွတ်လပ်စွာ ကုန်သွယ် ရေးသဘောတူညီချက်နှင့် မကြာသေးမီက ဆောင်ရွက်ခဲ့သော    ဒေသတွင်း   ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီမှု   နှစ်ရပ်စလုံးတွင်   အဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက်     နိုင်ငံဖွံ့ဖြိုးရေးနှင့် လွတ်လပ်စွာ    ကုန်သွယ်မှုပြုခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်နိုင်ခွင့် ရရှိခဲ့သည်။

 


ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအခြေ အနေများအနက် အချို့သည် ပုံမှန်မဟုတ် သော နည်းလမ်းများမှတစ်ဆင့် ရရှိလာခဲ့ ကြောင်း၊ တရုတ်ပြည်မကြီးရှိ   လောင်း ကစားသမားများထံမှ ငွေကြေးအရင်းအနှီး များကို တိုးတက်များပြားလာသော ကာစီနို လောင်းကစားလုပ်ငန်းများမှ  တစ်ဆင့် ရယူပြီး တစ်ဆက်တည်းတွင် အဆိုပါအရင်း အနှီးများကို    အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၌ ပြန်လည် ထည့်သွင်း    ရင်းနှီးမြှုပ်နှံခြင်းမျိုးကဲ့သို့ နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း သိရ သည်။ 

 


စီးပွားရေးတိုးတက်ရန်ခန့်မှန်း


ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၂၀၂၀ ပြည့်နှစ်က ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၃ ရာခိုင်နှုန်းခန့် ပြန်လည်တိုးတက်လာခဲ့ သည်။ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းရှင် များနှင့် ပြည်သူများ၏ ဝင်ငွေအပေါ် ကိုဗစ်-၁၉ ၏ ဆိုးကျိုးသက်ရောက်မှုများကို လျော့ပါး သက်သာစေနိုင်သည့် မူဝါဒများနှင့် နိုင်ငံ၏ စီးပွားရေး    ပြန်လည်ဦးမော့လာစေရန် အထောက်အကူပြုနိုင်သည့်  မူဝါဒများကို ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် တစ်ဖက်တွင် ငွေကြေးဖောင်းပွမှု ရှိလာနိုင်သည်ဟူသော စိုးရိမ်ကြောင့်ကြမှုများ   ရှိခဲ့သော်လည်း နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင်  ၅ ရာခိုင်နှုန်းအထိ  တိုးတက် လာမည်ဟု ခန့်မှန်းခဲ့ပါသည်။

 


ကမ္ဘောဒီးယားနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်တာကာလအတွင်း သိသာထင်ရှား သော အပြောင်းအလဲများကို  ဆောင်ရွက် ခဲ့သည့်အတွက်   ၂၀၁၅  ခုနှစ်က အလယ် အလတ်အဆင့်    ဝင်ငွေအောက်ရှိခဲ့သော အခြေအနေမှ ၂၀၃၀ ပြည့်နှစ်တွင် ဝင်ငွေ  အလယ်အလတ်အဆင့်   အထက်ရရှိသော အနေအထားသို့ ရောက်ရှိလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ 
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊