၂၀၂၃ ခုနှစ်တွင် အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့်မပြုတော့ဘဲ တစ်ဝက်တစ်ပျက်ကုန်ချောနှင့် ကုန်ချောများကိုသာ ပြည်ပတင်ပို့ခွင့်ပြုတော့မည်

နေပြည်တော်   ဩဂုတ်   ၁၈


အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲ သားများကို ပြည်ပတင်ပို့ခွင့်မပြုတော့ဘဲ တစ်ဝက်တစ်ပျက်ကုန်ချော   (Semi-finished)နှင့် ကုန်ချော (Finished) များ ကိုသာ ပြည်ပတင်ပို့ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးမင်းမင်းဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်အခြေခံစက်မှုလုပ်ငန်း များ    ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဒုတိယအကြိမ်     အစည်းအဝေးတွင်  ဒုတိယဝန်ကြီးက ထိုကဲ့သို့  ပြောကြားခြင်း ဖြစ်သည်။


ဆက်လက်၍   ဒုတိယဝန်ကြီးက ယင်းသို့ ဆောင်ရွက်ရာတွင် တင်ပို့ခွင့်ပြု မည့် သစ်အခြေခံထုတ်ကုန်များ၏ အမျိုး အမည်နှင့်  အဓိပ္ပာယ်ဖွင့်ဆိုချက်များကို နိုင်ငံတကာစံနှုန်းနှင့်အညီ  သတ်မှတ် ပေးရန်လိုအပ်ကြောင်း၊ ထို့ပြင် သစ်ကုန် ချောများကိုသာ တင်ပို့ရေးဦးတည်ရာတွင် သစ်အခြေခံစက်မှုလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးသည် အရေးပါသောအချက် ဖြစ်ပါကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်း များသည်    သစ်တောသယံဇာတကို အခြေခံသည့်   စီးပွားရေးလုပ်ငန်းဖြစ် သဖြင့် နိုင်ငံပိုင်အဖိုးတန် သစ်တောသယံ ဇာတများ     ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေးနှင့်   သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး တို့အတွက် အရေးပါသောလုပ်ငန်းဖြစ်ပြီး ယေဘုယျအားဖြင့်  နိုင်ငံတော်၏  လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ အလုပ်အကိုင်နှင့်   ဝင်ငွေတိုးတက်ရေး အတွက်လည်း    အလွန်အရေးကြီးပါ ကြောင်း၊ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းစဉ်များကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကန့်အသတ်များ ရှိမည်ဖြစ်သော်လည်း ဆပ်ကော်မတီများ အလိုက် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး ပြီး ရည်မှန်းချက်ပေါက်မြောက်အောင် ဆောင်ရွက်သွားကြရန်    တိုက်တွန်းပါ ကြောင်း ဆွေးနွေးမှာကြားသည်။


ယင်းနောက်    အစည်းအဝေး တက်ရောက်လာသူများက ဆပ်ကော်မတီ များအလိုက်    လုပ်ငန်းဆောင်ရွက်မှု၊ လတ်တလော       ကြုံတွေ့နေရသော အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ပေး စေလိုသည့်   အချက်များ၊    ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက   ပြန်လည်  ရှင်းလင်းပြီး လိုအပ်သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။  

         
သတင်းစဉ်