၂၀၂၃ ခုနှစ်အတွင်း လေးကြိမ်ဆက်တိုက် ကမ္ဘာ့ကားရောင်းအား အကောင်းဆုံး ကားထုတ်လုပ်သူအဖြစ် တိုယိုတာ ရပ်တည်

 

တိုကျို    ဇန်နဝါရီ    ၃၀ 


တိုယိုတာကားကုမ္ပဏီသည် ၂၀၂၃ ခုနှစ်အတွင်း လေးကြိမ်ဆက်တိုက် ကမ္ဘာ့ကားရောင်းအား အကောင်း ဆုံး     ကားထုတ်လုပ်သူအဖြစ်    မှတ်တမ်းတင်ခဲ့သည်။     ကား ဈေးကွက်တွင် ဂျာမန်ပြိုင်ဘက် ဗော့စ်ဝက်ဂန်င်အုပ်စုသည်   တိုယို တာကို ကျော်မတက်နိုင်ဘဲ ဒုတိယ နေရာ၌သာ ရပ်တည်ခဲ့ရသည်။ 


ဒိုင်ဟတ်ဆု၊     ဟီးနိုးကုမ္ပဏီ များအပါအဝင်  ကမ္ဘာ့ရောင်းအား သည်     စံချိန်တင်ပမာဏအထိ မြင့်တက်လာခဲ့ပြီး     ယမန်နှစ် ထက်     ၇  ဒသမ  ၂  ရာခိုင်နှုန်း  မြင့်တက်လာခဲ့ကြောင်း တိုယိုတာ က ပြောသည်။ 


တစ်ပိုင်းလျှပ်ကူးပစ္စည်းများပြတ်လပ်မှုကြောင့်        ခဏတာ ကားအရောင်း   ကျဆင်းခဲ့သော် လည်း  နောက်ပိုင်းတွင်   ဥရောပ နှင့်       မြောက်အမေရိကတို့၌ ကားဝယ်လိုအား    အဆမတန် မြင့်တက်လာခဲ့ကြောင်း   တိုယို တာက ပြောသည်။ 


အင်န်အိတ်ချ်ကေ