
နေပြည်တော် ဖေဖော်ဝါရီ ၃
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက် ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်များ နှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ နေပြည် တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဇနီး၊ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီး များနှင့် ဇနီးများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက များ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်၊ ဂီတ အစည်းအရုံး ဥက္ကဋ္ဌများနှင့်အဖွဲ့ ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင် များ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာ ရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများ နှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
အခမ်းအနား မစတင်မီ တေးသံရှင်များနှင့် အနုပညာရှင် များက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်း အနား ကျင်းပမည့် ကျောက်စိမ်း ခန်းမအဝင် လျှောက်လမ်း၌ ပြသ ထားသည့် ၁၉၅၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိကြသူများ၊ ထူးချွန်ဆုရ ဇာတ်ကားများနှင့် ထူးချွန်ဆုရ အနုပညာရှင်များ၊ အတတ်ပညာ ရှင်များ၏ မှတ်တမ်းဓာတ်ပုံများ ကို ကြည့်ရှုကြသည်။
ထင်ပေါ်ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ကား (၆) ကားကို သရုပ်ဖော်တင်ဆက်
ထို့နောက် မြန်မာ့ရုပ်ရှင် ခေတ်ဦးမှ ရာပြည့်အလွန်သက်တမ်း အထိ ခေတ်အဆက်ဆက်တွင် ထင်ပေါ်ကျော်ကြားခဲ့သော ရုပ်ရှင် ဇာတ်ကား (၆) ကားကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် Forever Group မှ အနုပညာရှင်များက ကြယ်စင်လက်ကမ်းအစီအစဉ်ဖြင့် သရုပ်ဖော်တင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က စက်ခလုတ်ခုံတွင် အကယ်ဒမီ ရွှေကြယ်ကို စိုက်ထူ၍ ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ် ပေးသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့က ဂုဏ်ပြုစီစဉ် တင်ဆက်သည့် “ရာပြည့်နှစ်အလွန် အကျိုးဆက် ရှာဖွေ မြန်မာ့ရုပ်ရှင် တိုးတက် ပါစေ” မှတ်တမ်း Video Clip ကို ပြသသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ တွင် ယခုကဲ့သို့ မင်္ဂလာရှိသည့် အချိန်အခါသမယတွင် ရုပ်ရှင် ထူးချွန် အနုပညာရှင်ကြီးများ ကို ဂုဏ်ပြုခွင့်ရသည့်အတွက် မိမိအနေဖြင့် လွန်စွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ကမ္ဘာ့ ရုပ်ရှင်သည် ၁၉ ရာစုနှောင်းပိုင်း တွင် စတင်ပေါ်ပေါက်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်သည် ၂၀ ရာစုဆန်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည့် အတွက် မြန်မာ့ရုပ်ရှင်ခေတ်ဦး သည် ကမ္ဘာနှင့်ရင်ပေါင်တန်း နိုင်ခဲ့သည်ဟု ပြောဆိုရမည်ဖြစ် ကြောင်း။
“မေတ္တာနဲ့ သူရာ” ဇာတ်ကား မြန်မာဇာတ်ကား စစ်စစ်ဖြစ်
၁၉၂၀ တွင် ပထမဆုံး ရုံတင် ပြသခဲ့သည့် “မေတ္တာနဲ့ သူရာ” ဇာတ်ကားသည် မြန်မာစာရေး ဆရာနှင့် ဇာတ်ညွှန်းရေးဆရာ တို့က ရေးသားဖော်ကျူးထား သည့် မြန်မာတို့၏ လူနေမှုဘဝ ဇာတ်အိမ်အပေါ် မြန်မာဒါရိုက်တာ နှင့် ဓာတ်ပုံဆရာတို့က မြန်မာ မင်းသား၊ မင်းသမီးများနှင့်အတူ ပုံဖော်ရိုက်ကူး တင်ဆက်ထား သည့် မြန်မာဇာတ်ကား စစ်စစ် ဖြစ်ကြောင်းကို လေ့လာတွေ့ရှိရပါ ကြောင်း။
အဆိုပါဇာတ်ကားကို ဖန်တီး ရိုက်ကူး တင်ဆက်ခဲ့ကြသူများ ဖြစ်ကြသည့် မြန်မာ့ရုပ်ရှင်ဖခင် ကြီး ဦးအုန်းမောင်နှင့်အတူ ဒါရိုက်တာကြီး ဦးတုတ်ကြီး၊ ဇာတ်ညွှန်းရေးဆရာ စာရေးဆရာ ကြီး ပီမိုးနင်း၊ ရုပ်ရှင်ဓာတ်ပုံဆရာ ကြီး ဦးမောင်မောင်၊ ရုပ်ရှင် မင်းသား ဦးဘဌေး(ဦးညီပု)၊ ရုပ်ရှင် မင်းသမီး မအေးကြည် (မအေးရီ)၊ လူကြမ်းသရုပ်ဆောင် မောင်မောင် ချစ် အစရှိသည့် မြန်မာနိုင်ငံသား များကိုယ်တိုင်က ပထမဆုံးသော မြန်မာ့ရုပ်ရှင်သမိုင်းကို လှပစွာ ဖွင့်လှစ်ပေးခဲ့ကြ သူများအဖြစ် မိမိတို့အားလုံး လေးစားအသိ အမှတ်ပြုကြရမည်ဖြစ်ကြောင်း။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ
ထုတ်လုပ်ကြိုးပမ်းခဲ့ကြ
မြန်မာ့ရုပ်ရှင်၏ နှစ်တစ်ရာ ကျော်ခရီးကို ပြန်လည်ဆန်းစစ် ကြည့်မည်ဆိုပါက ရုပ်ရှင်အနု ပညာ အတတ်ပညာရှင်များသည် အခက်အခဲအမျိုးမျိုးကို မည်သို့ပင် ရင်ဆိုင် တွေ့ကြုံခဲ့ကြရသော် လည်း မြန်မာနိုင်ငံသူ နိုင်ငံသား များကို ဘဝအသိ၊ ဘဝအတွေ့ အကြုံများ မျှဝေပေးနိုင်သည့် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဖန်တီး ထုတ်လုပ်ကြိုးပမ်းခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
တစ်နည်းအားဖြင့် အသံတိတ် မှ အသံထွက်၊ အဖြူအမည်းမှ ဆေးရောင်စုံ၊ မြင်ကွင်းငယ်မှ မြင်ကွင်းကျယ် စသည်ဖြင့် ရုပ်ရှင် နှစ်တစ်ရာကျော်ခရီးကို နိုင်ငံ တကာ ရုပ်ရှင်ဖွံ့ဖြိုးမှုနှင့်အတူ လိုက်ပါပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြံစည်ကြိုးပမ်းအားထုတ်ခဲ့ကြ ပါကြောင်း၊ ထိုသို့ကြိုးစားအားထုတ် ခဲ့ကြသည့် အနုပညာသူရဲကောင်း ကြီးများကိုလည်း မိမိတို့အားလုံး က လေးစားတန်ဖိုးထားပါကြောင်း ကို အလေးအနက် ပြောကြား လိုပါကြောင်း။
ထို့အပြင် ကိုလိုနီခေတ်မှစပြီး ငွေရတု၊ ရွှေရတု၊ စိန်ရတုနှင့် ရာပြည့်ခေတ်တိုင်အောင် ခေတ် စနစ်အမျိုးမျိုးကြားတွင် ပျော်ရွှင် လွမ်းမောဖွယ်ရာ လူမှုဘဝများ ကိုသာမက နိုင်ငံတော်၏ အရေးပါ သော အခန်းကဏ္ဍများ၊ နိုင်ငံ၏ ပကတိအခြေအနေများကို အနု ပညာနှင့် ထင်ဟပ်ဖော်ပြတင်ဆက် နိုင်ခဲ့သည်ကိုလည်း နိုင်ငံနှင့် ပြည်သူအပေါ် မိမိတို့ တတ်ကျွမ်း နားလည်သည့် အနုပညာနှင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေး နိုင်ခဲ့ပြီဟုလည်း ထပ်လောင်း ပြောကြားလိုပါကြောင်း။
နိုင်ငံနှင့်ပြည်သူအပေါ်ဆက်လက် အကျိုးပြု ဖော်ဆောင်
မည်သို့ပင်ဖြစ်စေကာမူ မိမိ တို့ ချစ်ခင်မြတ်နိုးရသည့် မြန်မာ့ ရုပ်ရှင်အနုပညာသည် ပြောင်းလဲ နေသည့် ခေတ်ရေစီးကြောင်းပေါ် တွင် ကြည်ကြည်လင်လင် သန့်သန့်စင်စင်နှင့် ဖြတ်သန်း စီးဆင်းကာ နိုင်ငံနှင့်ပြည်သူအပေါ် ဆက်လက်အကျိုးပြု ဖော်ဆောင် နိုင်ပါစေဟု တိုက်တွန်းပြောကြား လိုပါကြောင်း။
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် အနီးတစ်ဝိုက် မြို့များတွင် ကျရောက်ခဲ့သည့် ပြင်းထန်သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ဒေသခံ ပြည်သူများသည် ထိခိုက်ပျက်စီး မှုနှင့်အတူ ဆင်းရဲဒုက္ခအတိ ရောက်ရှိခဲ့ကြပါကြောင်း၊ ထိုသို့ မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရ သည့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင် အစည်း အရုံးများမှ အနုပညာရှင်များ စုပေါင်းပြီး တတ်နိုင်သမျှထောက်ပံ့ ကူညီပေးခဲ့ခြင်း၊ ကိုယ်တိုင် ကိုယ်ကျ သွားရောက်အားပေးဆောင်ရွက်ခဲ့ခြင်းများ၊ ရန်ပုံငွေ ရရှိရေးအတွက် ပဒေသာကပွဲ၊ ဘောလုံးပြိုင်ပွဲများ ကျင်းပဆောင် ရွက်ခဲ့သည်များကို မြန်မာနိုင်ငံ အတွင်းသာမက ကမ္ဘာ့နိုင်ငံ အသီးသီးက မြန်မာ့အနုပညာရှင် များ၏ လှုပ်ရှားမှုများကို တွေ့မြင် ရသူတိုင်း၊ ကြားသိရသူတိုင်း ကြည်နူးဝမ်းမြောက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းသည် “အရေးကြီးရင် သွေးစည်းတယ်၊ အရေးကြုံရင် သွေးဆုံတယ်” ဆိုသည့် မိသားစုစိတ်ဓာတ် များ ပေါ်လွင်ထင်ရှားလာသကဲ့သို့ အနုပညာရှင်များ၏ စည်းလုံး ညီညွတ်မှုနှင့် နိုင်ငံ့အရေးအတွက် အမျိုးသားရေးစိတ် ရှိခြင်းဆိုသည့် ပြယုဂ်ကို ပြသလိုက်ခြင်းပင်ဖြစ် ပါကြောင်း။
ရုပ်ရှင်သည် ပြည်သူအတွက်
တစ်နည်းအားဖြင့် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးက ခေတ် အဆက်ဆက် လက်ကိုင်ပြုထား သည့် “ရုပ်ရှင်သည် ပြည်သူ အတွက်” ဆိုသည့် ဆောင်ပုဒ် ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက အသိအမှတ် ပြုပါကြောင်းနှင့် နောင်တွင်လည်း ယခုထက် ပိုမိုအကျိုးပြုနိုင်ကြ ပါစေကြောင်းကို တိုက်တွန်း ပြောကြားလိုပါကြောင်း။
အထူးသဖြင့် ပြောကြားလို သည်မှာ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်ကဏ္ဍအသီးသီး တွင် ပါဝင်လှုပ်ရှားဆောင်ရွက်နေ ကြသည့် အနုပညာရှင်များအနေ နှင့် နိုင်ငံတော်၏အရေး၊ ပြည်သူ များ၏ အရေးကို ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ကြသည့်အခါ တွင် အရေးကြီးဆုံးအချက်အနေ ဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ၏ အရေးကိစ္စနှင့် မိမိအဖွဲ့အစည်း အရေးကိစ္စ ယှဉ်လာပါက အဖွဲ့ အစည်းအရေး၊ ၎င်းမှတစ်ဆင့် အဖွဲ့အစည်းအရေးနှင့် နိုင်ငံ့အရေး ယှဉ်လာပါကလည်း နိုင်ငံ့အရေး ကိစ္စကို ဦးစားပေး ဆောင်ရွက်နိုင် ရေး မှန်ကန်စွာ ခွဲခြားသိမြင်ပြီး တိုင်းပြည်၏ အနာဂတ်၊ ပြည်သူ များ၏ အနာဂတ်ကို လှပစွာ ဝိုင်းဝန်းကူညီ ဖော်ဆောင်ပေးကြ ရန် လိုအပ်မည်ဖြစ်ကြောင်းကို လည်း တိုက်တွန်းပြောကြားလို ပါကြောင်း။
ယနေ့အချိန်တွင် နိုင်ငံတော် အစိုးရသည် “တိုင်းပြည်သာယာ ဝပြောရေးနဲ့ စားရေရိက္ခာ ဖူလုံ ရေး” ဆိုသည့် အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်ကို ချမှတ် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည် သာယာ ဝပြောရန်အတွက် ပြည်တွင်းတွင် စားရေရိက္ခာ ဖူလုံ ပြည့်ဝရန် လိုအပ်သကဲ့သို့ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ အပေါ် ဈေးကွက်ဝင်ပို့ကုန်အမျိုး အစား အသီးသီးတို့ တိုးမြှင့်ထုတ် လုပ် ရောင်းချနိုင်မှသာ ပြည်သူ များ၏ လူမှုစီးပွားဘဝ လျင်မြန် စွာ ဖွံ့ဖြိုးတိုးတက် မြင့်မားလာ မည်ဖြစ်၍ နိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီကို နိုင်ငံတော်ဝန်ကြီး ချုပ်မှ ဦးဆောင်ပြီး လုပ်ငန်းအဖွဲ့ နှင့် အဖွဲ့ခွဲများသည် သက်ဆိုင်ရာ တာဝန်ယူထားသည့် ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လျက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် နယ်မြေအလိုက် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အချက်များသည် လည်း မဖြစ်မနေလိုအပ်မည့် အခြေခံလိုအပ်ချက်များပင်ဖြစ်ပါ ကြောင်း၊ အဆိုပါ လိုအပ်ချက်များ ပြည့်စုံရန်အတွက် နိုင်ငံသား တိုင်းအားလုံးသည် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် အမျိုးကို ချစ်စိတ် စသည့် အစွန်းမရောက် သော အမျိုးသားရေးစိတ်ဓာတ် ကို အခြေခံပြီး တိုင်းပြည်၏ အနာဂတ်ကို ပုံဖော်ဖန်တီး တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။
အနုပညာရှင်ဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ် ၏ စွမ်းဆောင်ရည်ရှိမှုကို ထင်ဟပ် ပေါ်လွင်စေပြီး ပြည်သူကို စေ့ဆော် တိုက်တွန်းမှု အားကောင်း သည့် ဒြပ်ရှိရော၊ ဒြပ်မဲ့ပါရှိသည့် ယဉ်ကျေးမှု ဘဏ္ဍာသိုက်ကြီး တစ်ခုဖြစ်ပါကြောင်း၊ တစ်နည်း အားဖြင့် ယဉ်ကျေးမှုအချင်းချင်း ကူးလူးဆက်ဆံရာ တံတား တစ်စင်းလည်းဖြစ်ကြောင်း၊ အမြင် အာရုံ၊ အကြားအာရုံ၊ စိတ်ခံစားမှု တို့နှင့် ပေါင်းစပ်ပြီး လူတို့၏ နှလုံးသားကို ရိုက်ခတ်သွားစေနိုင် ရုံသာမက လူများ၏ စိတ်ခံစားမှု ကို ပြောင်းလဲစေနိုင်သည်အထိ အစွမ်းသတ္တိများ အလွန်ကြီးမား လှပါကြောင်း၊ အနုပညာရပ် တစ်ရပ်မှ ထုတ်ဖော်ပြလိုက်သည့် အကြောင်းအရာများသည် နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် အကောင်းရော အဆိုးပါ အကျိုး သက်ရောက်မှု များနိုင်သည့် ယဉ်ကျေးမှုတန်ဖိုးကို ပြသရာ ရောက်သည့်အတွက် လွန်စွာ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ဟု ပြောကြားလိုပါ ကြောင်း။
ဝိုင်းဝန်းကြိုးပမ်း
ထို့ကြောင့် ယခုတက်ရောက် လာကြသည့် အနုပညာရှင်များ အနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းစေရေး၊ နိုင်ငံ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် အလေး အနက် တိုက်တွန်းပြောကြားလို ကြောင်း။
၂၀၂၃ ခုနှစ်အတွင်း မြန်မာ့ ရုပ်ရှင်ဇာတ်ကား ၃၅ ကား ရုံတင် ပြသနိုင်ခဲ့ပြီး ယင်းဇာတ်ကားများ ထဲက ထူးချွန်သည့်အနုပညာရှင်၊ အတတ်ပညာရှင်များကို အဆင့် ဆင့် စိစစ်အကဲဖြတ်ကာ ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကြောင့် ခေတ္တ ရပ်ဆိုင်းခဲ့ရသည့် ရုပ်ရှင်အနုပညာ လုပ်ငန်းများသည် ၂၀၂၃ ခုနှစ်တွင် ပုံမှန်အခြေအနေနီးပါး ပြန်လည် သက်ဝင် လှုပ်ရှားလာခဲ့သည်ဟု ဆိုကြရမည်ဖြစ်ပါကြောင်း။
မြန်မာ့ရုပ်ရှင် လောကကြီး သာမက ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာလောကသား အားလုံး ပြန်လည်လှုပ်ရှားဆောင်ရွက်နိုင်ခြင်းသည် သက်ဆိုင်ရာ အစည်း အရုံးများ၏ ဦးဆောင်မှု၊ အနုပညာ ရပ်ဝန်းတစ်ရပ်လုံးရှိ အနုပညာရှင် များအားလုံး၏ စည်းလုံးညီညွတ် မှုများကြောင့် ယခုလို စင်မြင့်ထက် သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ် သည့်အတွက် ဦးဆောင်သူများ ရော၊ ပူးပေါင်းပါဝင် ဆောင်ရွက် ကြသူများအားလုံးကိုပါ အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါကြောင်း။
ဖြတ်သန်းခဲ့သည့် မြန်မာ့ ရုပ်ရှင်ခရီးလမ်းတွင် ရုပ်ရှင် လောကသားများသည် မည်သို့ပင် အခက်အခဲများ ကြုံတွေ့ခဲ့ကြ သော်လည်း မိမိတို့ တတ်ကျွမ်း သည့် အနုပညာစွမ်းပကားနှင့် နိုင်ငံတော်ကို အကျိုးပြုပေးခဲ့ကြ သကဲ့သို့ ပြည်သူများ၏ စိတ် နှလုံးကို အနုပညာရသမျိုးစုံနှင့် ရွှင်ပြုံးအပန်းပြေစေပြီး စိတ်ဓာတ် ခွန်အားများကို ဖြည့်ဆည်းပေး ခဲ့ကြပါကြောင်း။
နိုင်ငံတော်အစိုးရ အနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ်ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်လာရန် အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုး မှုများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင် အနုပညာရှင်များကလည်း ပြည်သူ များကို ဖျော်ဖြေရေးသက်သက် သာမက နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ချစ်စဖွယ် မြန်မာ့ဓလေ့ မြန်မာ့ စရိုက်၊ မြန်မာ့ရေမြေတောတောင် သဘာဝအလှအပများကို ဖော် ညွှန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန် နှင့် အမျိုးသားရေးနှင့်ယှဉ်ပြီး တိုင်းချစ်ပြည်ချစ်စိတ် ထွန်းကား ရေး၊ ပြည်သူများ အသိပညာ တိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်စေ ရေးတို့အတွက် ရိုက်ကူးတင်ဆက် ပေးကြပါရန် ထပ်လောင်း တိုက်တွန်းပြောကြားလိုပါကြောင်း။
အမျိုးသားရေးတာဝန်
ယနေ့အချိန်တွင် နိုင်ငံတော် ၏ ပကတိအခြေအနေနှင့် အရှိ တရားပေါ် အခြေခံပြီး လုပ်သင့် လုပ်ထိုက်သည့် လုပ်ငန်း ဆောင်တာများကို နိုင်ငံတော် အစိုးရက ဖြည့်ဆည်းလုပ်ဆောင် ပေးလျက်ရှိကြောင်း၊ ကမ္ဘာကြီး ၏ မျက်မှောက်အခြေအနေအရ ဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေအရဖြစ်စေ ပြည် ထောင်စု မပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အလိုအပ် ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသား ရေး ပန်းတိုင်၊ အမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေး တာဝန်ပင်ဖြစ်သည်ကို နိုင်ငံသား အားလုံးက နားလည်လက်ခံပေး ကြရန် လိုအပ်ပါကြောင်း။
အမျိုးသားရေး သတိရှိ
စစ်အေးခေတ်လွန် ကာလ များတွင် အင်အားကြီးနိုင်ငံအချို့ သည် အင်အားနည်းသည့် နိုင်ငံ ငယ်များအပေါ် ၎င်းတို့အလိုကျ လွှမ်းမိုးချုပ်ကိုင်နိုင်ရန် အတွက် နည်းလမ်းပေါင်းစုံ၊ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့် ချဉ်းကပ် ဆောင်ရွက်နေသည့် အထဲတွင် ယဉ်ကျေးမှုအခန်းကဏ္ဍ နယ်ပယ် သည်လည်း အဓိကကျပြီး ရှိပြီး နိုင်ငံ့ယဉ်ကျေးမှု ပျက်သုဉ်းပါက အဆိုပါ နိုင်ငံသားများ၏ စိတ်ဓာတ်များပါ ပျက်သုဉ်းမှုက တစ်ဆင့် နိုင်ငံချစ်စိတ်၊ အမျိုး ချစ်စိတ်၊ အမျိုးဂုဏ်ကာကွယ်လို စိတ်များ ဆုံးရှုံးမှုကတစ်ဆင့် အလွယ်တကူ လက်အောက်ဩဇာခံ နိုင်ငံအဖြစ် ရောက်ရှိသွားနိုင် သကဲ့သို့ ယနေ့ကဲ့သို့ အခြေအနေ မျိုးကိုလည်း ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံ ပေါ်တွင် နမူနာအဖြစ် တွေ့မြင်နေ ကြရမည်ဖြစ်ကြောင်း၊ အထူး သဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့ ထည်လဲ သုံးပြီး ပဋိပက္ခဖြစ်သည်နှင့် စိုးရိမ် ကြောင်း၊ ထိတ်လန့်တုန်လှုပ်မိ ကြောင်း၊ ငြိမ်းချမ်းစွာ ဖြေရှင်းကြ ရန်လိုကြောင်း စသည့်လက်သုံး စကားများသာပြောပြီး မျက်နှာ ကြီးရာ ဟင်းဖတ်ပါဆိုသကဲ့သို့ အင်းအားကြီးမားသည့် ဘက်က ပင် ရပ်တည်ပြီး ဖိအားပေးအကျပ် ကိုင်မှုများနှင့် သြဇာလောင်း ရိပ်အောက်ကို ပူးပေါင်းသွတ်သွင်း နေကြသည်ကိုလည်း အမျိုးသား ရေး အသိ၊ အမျိုးသားရေး သတိ ရှိနေကြရန် လိုအပ်ပါကြောင်း။
ယင်းသို့ အခြေအနေတွင် အမျိုးသားရေး ကိုယ်ခံစွမ်းအား နည်းသည့် ပုဂ္ဂိုလ်များ၊ ကြိုးဆွဲခံ ရုပ်သေးရုပ်များ၊ တိုင်းတစ်ပါး၏ ပေးစာကမ်းစာနှင့် ဘဝရပ်တည် နေသူများ စသည့် ပြည်ပအားကိုး ပုဆိန်ရိုး လက်ကိုင်တုတ်များသည် မိမိတို့ နိုင်ငံကို နည်းလမ်းအမျိုးမျိုး၊ ကောလာဟလ မှိုင်းအမျိုးမျိုး တိုက်ပြီး မတည်မငြိမ်ဖြစ်အောင်၊ ပျက်စီးအောင်၊ ပဋိပက္ခများ ပိုမို ကြီးမားလာအောင် နှောင့်ယှက်နေ မှုကိုလည်း သတိပြုကြရမည် ဖြစ်ကြောင်း။
နိုင်ငံအကျိုး၊ လူမျိုးအကျိုးသယ်ပိုး
ယနေ့အချိန်တွင် အချင်းချင်း စည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံ နှင့် ပြည်သူလူထု အကျိုးစီးပွား ကို လျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့် အယူအဆများ လုပ်ဆောင်နေကြ မည်ဆိုပါက နိုင်ငံအတွက် လွန်စွာ အန္တရာယ် ကြီးမားပါကြောင်း၊ ထို့ကြောင့် အနုပညာရှင်ကြီးများ အနေဖြင့် မှန်ကန်သည့် အသိ တရားများနှင့် နိုင်ငံအကျိုး၊ လူမျိုး အကျိုးကို ဝိုင်းဝန်းသယ်ပိုးပေးကြ ရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။
ယခုနှစ် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနု ပညာလုပ်ငန်းများကို ဆက်လက် အောင်မြင် တိုးတက်စေရန် အတွက် အားအင်များ ပိုမိုရရှိပြီး မိမိတို့၏ အနုပညာအလုပ်များကို ပိုမိုအားထုတ် ကြိုးပမ်းသွားကြ မည်ဟု ယုံကြည်မျှော်လင့်ပါ ကြောင်း။
အမျိုးသားရေးစိတ်ဓာတ်
အလားတူ ထူးချွန်ဆု မရရှိ သေးသည့် အနုပညာရှင်များအနေ ဖြင့်လည်း လာမည့်နှစ်ကာလများ တွင် မိမိတို့၏ အနုပညာစွမ်းပကား ကို မြှင့်တင်ပြီး ထူးချွန်ဆုများ ဆွတ်ခူးပေးကြပါဟု တိုက်တွန်း လိုပါကြောင်း၊ အထူးမေတ္တာရပ်ခံ လိုသည်မှာ မြန်မာ့ဓလေ့စရိုက် များ မမှေးမှိန်မပျောက်ပျက်စေရန် နှင့် တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့ စရိုက်များ လွှမ်းမိုးပြီး အရိုးပေါ် အရွက်မဖုံးစေရန် ပြောင်းလဲနေ သည့် ခေတ်ရေစီးကြောင်းပေါ် တွင် လိုက်လျောညီထွေစွာ လိုက်ပါ ပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို မိမိတို့တတ်ကျွမ်းသည့် အနုပညာ ကို အခြေတည်ပြီး အမျိုးသားရေး စိတ်ဓာတ်နှင့် ဖော်ဆောင်ပေး ကြပါဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီများရှင် ကြည်စိုးထွန်း က ဝမ်းမြောက်စကား ပြောကြား သည်။
ဆက်လက်၍ အခမ်းအနား မှူးက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားတွင် ပါဝင်ကူညီပေးကြ သည့် ရွှေကြိုမောင်/မယ်များကို တစ်ဦးချင်း မိတ်ဆက်ပေးသည်။
ထို့နောက် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာ ကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်း ဆုံး ဝတ်စားဆင်ယင်မှုဆုများ (Myanmar Academy Fashion Awards) ကို ပေးအပ်ချီးမြှင့်ရာ အကောင်းဆုံး အမျိုးသားဝတ်စား ဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ ခန့်စည်သူ၊ အကောင်း ဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ ခင်သီတာထွန်း၊ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုကို ဟင်နရီစံ၊ အကောင်းဆုံးအမျိုး သမီး ဝတ်စားဆင်ယင်မှုဆုကို ရုပ်ရှင်သရုပ်ဆောင် အိချောပိုတို့ က ရရှိကြပြီး အကယ်ဒမီဆုများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု များ ပေးအပ်ချီးမြှင့်ရာ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆု ရရှိကြသူများကို ဖွင့်ဖောက်ကြေညာသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး တို့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးနှင့် အနုပညာရှင်၊ အတတ် ပညာရှင်များအပါအဝင် ရုပ်ရှင် လောကသားအားလုံးက လှိုက်လှဲ ဂုဏ်ယူစွာချီးမြှင့်သည့် ရုပ်ရှင် တစ်သက်တာထူးချွန်ဆု ရရှိကြ သော ဒါရိုက်တာ အောင်မြင့်မြတ်၊ အကယ်ဒမီ နွဲ့နွဲ့စန်းနှင့် အကယ် ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုးတို့ကို ဆုများ ပေးအပ်ချီးမြှင့်ကြပြီး ထူးချွန်ဆု ရရှိကြသူများက ကျေးဇူးတင်စကား ပြောကြားကြ သည်။
ယင်းနောက် အခမ်းအနားမှူး က ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ် စိစစ် ဆောင်ရွက်မှုနှင့် ဆုများရွေးချယ် သတ်မှတ်မှုများကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။
ရွှေစင်ရုပ်တု ချီးမြှင့်
ဆက်လက်၍ ၂၀၂၃ ခုနှစ် အတွက် ရုပ်ရှင်အတတ်ပညာဆု နှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်း ဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ဝင်းလွင်ထက်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ကောင်းဆက်ပိုင် (ဂီတမြို့)၊ အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆုကို “ဆရာမ (The Teacher)”ဇာတ်ကားဖြင့် အကယ် ဒမီ ဒါရိုက်တာ ညိုမင်းလွင်၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေး၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု ကို “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆုကို “မုန်းခွင့်” ဇာတ်ကားဖြင့် မေမြင့်မိုရ်၊ အကောင်းဆုံးအမျိုး သားဇာတ်ပို့ဆုကို “ရည်ရွယ်မိုး” ဇာတ်ကားဖြင့် နေဝင်း၊ အကောင်း ဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ကို “ဘယ်တော့မှ အရှုံးမပေးဘူး” ဇာတ်ကားဖြင့် အကယ်ဒမီများရှင် စိုးမြတ်သူဇာ၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို “စောင်နီလေးတစ်ထည်” ဇာတ် ကားဖြင့် အကယ်ဒမီများရှင် ရန်အောင်တို့က ရရှိကြသည်။
ထူးချွန်ဆု ရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းနှင့် ဝါရင့်အကယ်ဒမီဆု များရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိသူများက ကျေးဇူး တင်စကား ပြောကြားကြသည်။
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ စဉ်အတွင်း မြန်မာနိုင်ငံ ဟာသ ပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှင့် မြန်မာနိုင်ငံသဘင်အစည်း အရုံးတို့မှ အနုပညာရှင်များက တေးသီချင်း အကအလှများဖြင့် အလှည့်ကျ ဖျော်ဖြေတင်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး တို့သည် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ် အသီးသီးမှ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် အနုပညာရှင်များ ကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ယခုကျင်းပသည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ၂၀၂၃ ခုနှစ်၌ ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်း ၃၅ ကားကို မြန်မာ့ရုပ်ရှင်ထူးချွန် ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က အဆင့်ဆင့်အကဲဖြတ်ပြီး ယင်း ဇာတ်ကားများအထဲမှ အကောင်း ဆုံး ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်၍ ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်ခြင်းဖြစ်သည်။
သက်တမ်း ၁၀၄ နှစ်ရှိခဲ့
၁၉၂၀ ပြည့်နှစ်မှ အစပြုခဲ့ သည့် မြန်မာ့ရုပ်ရှင်၏ သက်တမ်း သည် ၁၀၄ နှစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ မြန်မာ့ရုပ်ရှင်အဆင့် အတန်း မြင့်မားရေးကို ရှေးရှုပြီး ၁၉၅၂ ခုနှစ်က စတင်၍ မြန်မာ့ ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေး အကဲအဖြတ်အဖွဲ့သည် မြန်မာ့ ရုပ်ရှင်လောကသား ထူးချွန် ထက်မြက်သည့် အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွေးချယ် ကာ ထူးချွန်ဆုများကို ချီးမြှင့်ခဲ့ သည်။
ထူးချွန်ဆု အရေအတွက်ကို လည်း ၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာ ဆု၊ ၁၉၅၅ ခုနှစ်တွင် အထူးဆု၊ ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆု၊ ၁၉၆၂ ခုနှစ်တွင် အမျိုး သား ဇာတ်ပို့ဆုနှင့် အမျိုးသမီး ဇာတ်ပို့ဆုများကို တိုးမြှင့်ချီးမြှင့် ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ရုပ်ရှင် ဇာတ်ညွှန်းဆု၊ ရုပ်ရှင်တေးဂီတဆု၊ ရုပ်ရှင်အသံဆုများကို ထပ်မံ တိုးမြှင့်ချီးမြှင့်ခဲ့သဖြင့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ၁၀ မျိုးအထိ ရှိလာခဲ့ကာ ၁၉၉၄ ခုနှစ်မှ စပြီး ရုပ်ရှင်တည်းဖြတ်ဆုကိုပါ ထပ်တိုး ချီးမြှင့်ခဲ့သဖြင့် ဆုအမျိုးအစား ပေါင်း ၁၁ မျိုးအထိ ချီးမြှင့်ခဲ့သည်။
၁၉၉၃ ခုနှစ်မှစ၍ ရွှေကိန္နရီ ရွှေစင်ရုပ်တွင် တပ်ဆင်ထားသည့် ငွေကြယ်အစား နှစ်ကျပ်သား ရွှေစင်ကြယ်ကို တပ်ဆင်ချီးမြှင့် ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် ချီးမြှင့် သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲမှစ၍ နှစ်ကျပ်သား ရွှေစင်ကြယ် အစား ငါးကျပ်သား ရွှေစင်ကြယ် သို့ ပြောင်းလဲပေးအပ် ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်