
နေပြည်တော် နိုဝင်ဘာ ၃
၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ ၊ ဂုဏ်ထူဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဘွဲ့များ ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံတော်အတွက် ထူးကဲစွာ အကျိုးဆောင်သူများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် မိမိ ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ အသက်ခန္ဓာစွန့်လွှတ်ပြီး ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အပါအဝင် ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်(၁၂)မျိုး ချီးမြှင့်နိုင် ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စိစစ်တင်ပြပေးရန် လိုအပ်ကြောင်း။
ဂုဏ်ထူးဆောင်တံဆိပ် (၁၂) မျိုး ချီးမြှင့်မည်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ဆောက် ရာတွင် ကဏ္ဍပေါင်းစုံမှ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီး စွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံ့ခေါင်းဆောင်များ၊ သံတမန်များနှင့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါး ကို ကာကွယ်စောင့်ရှောက်ရာ၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော် ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့် အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်ကျွမ်းကျင်သူ ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များကိုလည်းကောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ထူးချွန်စွာ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြ သော ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ ပညာရပ်ဖြင့် နိုင်ငံတော်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးပြုကြသည့် ပုဂ္ဂိုလ်များ ကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်(၁၂)မျိုး ချီးမြှင့်မည်ဖြစ်ကြောင်း၊ ထိုသို့ ချီးမြှင့်ရာတွင် ချီးမြှင့်အပ်နှင်းနိုင်ရေး “ပဏာမစိစစ်ရေးအဖွဲ့များ” နှင့် “စိစစ်ရေးအဖွဲ့” တို့က အဆင့်ဆင့်စိစစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်၊ စိန်ရတုလွတ်လပ်ရေး နေ့နှင့် ၎င်းနေ့မတိုင်မီ နေ့ကြီးရက်ကြီးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့် ကြော်ငြာစာ ထုတ်ပြန်ချီးမြှင့်သွားမည် ဖြစ်ကြောင်း။
နိုင်ငံတော်ကို ထူးကဲစွာအကျိုးပြုသော ဂုဏ်ပြု ချီးမြှင့်ထိုက်သူ လူပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်နိုင်ရေးအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်နှင့်အညီ နိုင်ငံတော်တာဝန် ထမ်းဆောင်ရင်း ထိခိုက်/ဒဏ်ရာရ၊ သေဆုံး/ ကျဆုံးခဲ့သည့် နိုင်ငံ့ ဝန်ထမ်းများ၊ မိမိ၏ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ ဝန်ထမ်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် များကို ချီးမြှင့်နိုင်ရေး စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၂ ခုနှစ်၊ (၁)နှစ်တာကာလ အတွင်း သက်ဆိုင်ရာကဏ္ဍအလိုက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ ကိုလည်း စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်(၁၂)မျိုးချီးမြှင့်နိုင်ရေးအတွက် ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်၊ ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် ကို ဖြည့်စွက်ပြဋ္ဌာန်းချက်တို့နှင့်အညီ စိစစ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း။
ယနေ့အစည်းအဝေးတွင် ပဏာမစိစစ်ရေးအဖွဲ့ အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ် များကို ထပ်မံစိစစ်ပြီး စိစစ်ရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ ဂုဏ်ပြုချီးမြှင့်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းနှင့် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခြင်း တို့ကို မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံကို အဘက်ဘက်မှ ရန်လိုဖိအား ပေးလုပ်နေသည့် ကာလအတွင်း နိုင်ငံ၏တာဝန် များကို ကျရာကဏ္ဍများမှ ထူးကဲစွာ အသက်ပေး ဆောင်ရွက်ကြသော နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ မကျန်ရှိစေရန်လည်း စိစစ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ စိန်ရတု လွတ်လပ်ရေးနေ့တွင် ချီးမြှင့်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်တွင် ပထမ အကြိမ်အဖြစ် စည်သူဘွဲ့ တစ်ဦး၊ သီရိပျံချီဘွဲ့ ကိုးဦး၊ ဇေယျကျော်ထင်ဘွဲ့ ငါးဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၄၅ ဦး အပါအဝင် စုစုပေါင်း ၈၈၀ ကို ချီးမြှင့်ရန် သတ်မှတ်ထားကြောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း (၁) ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ စွမ်းရည်သတ္တိဆိုင်ရာ များကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ သုံးဦး၊ သတိုးသီရိသုဓမ္မဘွဲ့ နှစ်ဦး၊ အဂ္ဂမဟာသရေ စည်သူဘွဲ့ ငါးဦး၊ သတိုးမဟာသရေစည်သူဘွဲ့ ငါးဦး အပါအဝင် စုစုပေါင်း ၁၄၆ ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အဆင့်အခမ်းအနားဖြင့် ချီးမြှင့်နိုင်ရန် ထုတ်ပြန် ကြေညာထားပြီးဖြစ်ကြောင်း၊ ယခုထပ်မံ၍ ချီးမြှင့် သင့် ချီးမြှင့်ထိုက်သူ၊ မြှောက်စားသင့် မြှောက်စား ထိုက်သူများမှ ကျန်ရှိသူများကို ထပ်မံစိစစ်ခြင်း ဖြစ်ကြောင်း။
နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းခံရမည့် ပုဂ္ဂိုလ်များ ၏ အရည်အချင်းသည် သားစဉ်မြေးဆက် ဂုဏ်ယူ ဝင့်ကြွားနိုင်သော ထိုက်တန်သည့် စွမ်းဆောင်ရည် များကိုသာ ချီးမြှင့်ခံရခြင်းမျိုးဖြစ်စေရန် ဝိုင်းဝန်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စိစစ်ရေးအဖွဲ့အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ဆောင်ရွက် ခဲ့မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် (၁) နှစ်တာအတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များ နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်