
နေပြည်တော် ဇွန် ၂၂
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အားပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာအောင် ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ယခုကျင်းပသည့် ဝန်ကြီး ဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲသည် တက္ကသိုလ် လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင် ဆီသို့ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ထူးချွန်ထက်မြက်သည့် တက္ကသိုလ် ကျောင်းသား အားကစားသမားများကို ရွေးချယ် လေ့ကျင့်ပြီး ASEAN University Games (AUG) ဟုခေါ်သည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ပင် ဖြစ်ကြောင်း။
ဘောလုံးအားကစားမှသည် မိမိတို့၏ တစ်ကိုယ်ရေ ကြံ့ခိုင်ပြီး ကျန်းမာရေးကောင်းကျိုးကို ရရှိ စေနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကောင်းကျိုးမှတစ်ဆင့် အသင်း အဖွဲ့နှင့် ကစားရသည့်အတွက် အချင်းချင်းစည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေပြီး ပူးပေါင်းဆောင်ရွက် တတ်သည့် စည်းလုံးရေးစိတ်ဓာတ် ကို ရရှိစေမည်ဖြစ်သည့်အပြင် ထူးချွန်သည့် ဘောလုံးအားကစား သမားများကိုလည်း လာမည့် ၂၀၂၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ဘောလုံး လက်ရွေးစင် အားကစားသမား များအဖြစ် ရွေးချယ်သွားမည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနအဆင့်မှ နိုင်ငံတော်အဆင့်၊ အရှေ့တောင် အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင် စေရေး ရည်မှန်းချက်ထား၍ မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးပမ်းအား ထုတ်သွားကြရန် အလေးအနက် တိုက်တွန်းပြောကြား၍ ဝန်ကြီး ဌာန ပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ် ပေးသည်။
ထို့နောက် ဝန်ကြီးဌာန ပေါင်းစုံတက္ကသိုလ်များမှ ပြိုင်ပွဲဝင် အသင်းများက အားကစားသစ္စာ အဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေး မှူးနှင့် ကောင်စီဝင်များ၊ ပြည် ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများက ပြိုင်ပွဲဝင်အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ အခြေခံပညာ ကျောင်းသား ကျောင်းသူလေးများ က ဘင်ခရာ၊ ပန်းဖွားအကများ ဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက် ကြသည်။
ဖွင့်ပွဲအခမ်းအနား အပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ ဝင်များသည် အဖွင့်ပွဲစဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန (က) အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးကြသည်။
ယနေ့ပြိုင်ပွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (က) အသင်းက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းကို ၅ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ၌ အုပ်စု (က) တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (က)အသင်း၊ ပညာရေးဝန်ကြီးဌာန (ခ)အသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်း၊ အုပ်စု (ခ) တွင် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအသင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်း၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး ဝန်ကြီးဌာနအသင်း၊ အုပ်စု (ဂ) တွင် ပညာရေးဝန်ကြီး ဌာန (က) အသင်း၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (ခ) အသင်းတို့ ပါဝင်ယှဉ်ပြိုင် ကစား သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်