၂၀၂၃ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်များ၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်    မေ   ၁၃


ကျောင်းသား   ကျောင်းသူ   မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း   အသိပညာများ   ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို  လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊  လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ် များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း များ၊   တပ်မတော်(လေ)က   အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့်     အခြေခံ လေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ   မြို့နယ် များရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင် ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 


ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၃၀ ၊ မန္တလေးတိုင်းဒေသ ကြီး    မန္တလေးမြို့ရှိ    ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀ ၊ ဧရာဝတီ တိုင်းဒေသကြီး  ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်း မှ သင်တန်းသား  သင်တန်းသူ စုစုပေါင်း ၅၀  တို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြ များက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်များရှိ    တပ်မတော်(ရေ) ရေကြောင်း   လူငယ် သင်တန်းစခန်း ၁၁ ခု၌   သင်တန်းသား   သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 


အလားတူ   တပ်မတော်(လေ)က    အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းစခန်း ၁၇ ခုမှ သင်တန်းသား ၆၈၀  တို့ကို မိတ္ထီလာမြို့ရှိ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်နှင့်   မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ်တို့တွင်   စုဖွဲ့၍  စခန်းသွင်း လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သင်တန်းစခန်းအလိုက်      ထူးချွန်ဆုရရှိသော သင်တန်းသားများကို       လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်ရှိ     လေယာဉ်မောင်းသင် ကျောင်းမှ Grob-120 TP လေယာဉ်များဖြင့် လက်တွေ့ လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

 


ထို့နောက် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်  တပ်မတော်အကြီး စားစက်ရုံနှင့်     လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာန ချုပ်များသို့   သွားရောက်၍   ဒေသန္တရလေ့လာရေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်