၂၀၂၃ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်  မေ  ၁၆


ကျောင်းသား       ကျောင်းသူ မျိုးဆက်သစ်လူငယ်  မောင်မယ် များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း   အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ် ရက်များ   အကျိုးရှိစေရန်၊  မိမိ ဝါသနာပါသည့်  ပညာရပ်များကို လေ့လာဆည်းပူး  နိုင်စေရန်နှင့် နိုင်ငံတော်အတွက်  ရေကြောင်း ပညာ၊           လေကြောင်းပညာ ကျွမ်းကျင်သော         အနာဂတ် မျိုးဆက်သစ်          လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့်    တန်းမြင့် သင်တန်းများ၊ တပ်မတော်(လေ)က  အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း   လူငယ် သင်တန်း  (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို  ဧပြီ ၂၄  ရက်တွင် သက်ဆိုင်ရာ   မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌   တစ်ပြိုင် တည်း   စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား     ပေးလျက် ရှိသည်။

 


ထိုသို့      လေ့ကျင့်သင်ကြား လျက်ရှိရာ  ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့ရှိ ရေကြောင်းလူငယ်စခန်း၊  ကိုကိုး ကျွန်းမြို့ရှိ   ရေကြောင်းလူငယ် စခန်း၊   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ    ရေကြောင်းလူငယ် စခန်း၊  တနင်္သာရီတိုင်းဒေသကြီးဟိန်းဇဲမြို့ရှိ  ရေကြောင်းလူငယ် စခန်း၊  တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်း နှင့်   ကျွန်းစုမြို့ရှိ   ရေကြောင်း လူငယ်စခန်းတို့မှ သင်တန်းသား သင်တန်းသူများသည် တပ်မတော် (ရေ)မှ        စစ်ရေယာဉ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်များ ဖြင့်    ရန်ကုန်မြို့သို့    ရောက်ရှိကြ သည်။

 


မြစ်အတွင်းလေ့လာရေး


ရန်ကုန်မြို့သို့  ရောက်ရှိလာ သည့် သင်တန်းသား သင်တန်းသူ များသည်  တပ်မတော် (ရေ)၏         နေ့စဉ်လုပ်ငန်း ဆောင်တာများ အား       လက်တွေ့ကွင်းဆင်း လေ့လာခြင်း၊     လေ့လာရေး ခရီးစဉ်များ   သွားရောက်ခြင်း၊ တပ်မတော် (ရေ)မှ           စစ်ရေယာဉ် ဖြင့်      ရန်ကုန်မြစ်အတွင်း       ခရီးတို         လေ့လာရေးအတွက်     လိုက်ပါစီးနင်းခြင်းနှင့်            ပြိုင်ပွဲ များ   ကျင်းပခြင်းများကို   ဆက်လက်          ဆောင်ရွက်သွား မည်ဖြစ်သည်။    

 


စခန်းသွင်းလေ့ကျင့်


အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်း   လူငယ် သင်တန်း  (အကြီးတန်းအဆင့်) နှင့်အခြေခံလေကြောင်း  လူငယ် သင်တန်း   (အငယ်တန်းအဆင့်) သင်တန်းစခန်း ၁၇ ခုမှ သင်တန်း သား ၆၈၀  ကို   မိတ္ထီလာမြို့ရှိ လေကြောင်း     အတတ်သင် လေတပ်စခန်းဌာနချုပ်နှင့် မြေပြင် အတတ်သင် လေတပ်စခန်းဌာန ချုပ်တို့တွင်   စုဖွဲ့၍   စခန်းသွင်း လေ့ကျင့်ခြင်းများ   ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြေပြင် အတတ်သင်   လေတပ်စခန်းဌာန ချုပ်၌    သင်တန်းပေါင်းစုံ RC လေယာဉ်/ ရဟတ်ယာဉ်/ Drone မောင်းပြိုင်ပွဲများ    ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြသည်။  မေ ၁၇ ရက်တွင်   လေကြောင်းအတတ် သင်     လေတပ်စခန်းဌာနချုပ်၌ စုပေါင်းသင်တန်းဆင်းပွဲ   ပြုလုပ် သွားမည်ဖြစ်ကြောင်း   သတင်း ရရှိသည်။                      

သတင်းစဉ်