
နေပြည်တော် မေ ၆
ကျောင်းသား ကျောင်းသူ၊ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ် များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း များ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်က သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိ သည်။
ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၀၊ မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ရှိ ရေကြောင်းလူငယ် သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၈၅ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ရှိ ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၃ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၁၅ ဦး၊ ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ ရေကြောင်း လူငယ်သင်တန်း စခန်းမှ သင်တန်းသား သင်တန်းသူစုစုပေါင်း ၆၁ဦး နှင့် ကျောက်ဖြူမြို့ရှိ ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀ တို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်(ရေ) ရေကြောင်းလူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။
အလားတူ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းများကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ လေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ လေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀ နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန် မြို့ရှိ လေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၄၀တို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ တပ်မတော်(လေ) လေကြောင်း လူငယ်သင်တန်းစခန်း ၁၇ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈၀ တို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်