
နေပြည်တော် ဇန်နဝါရီ ၃၁
၂၀၂၃ ခုနှစ် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန် (ဇုန်-၂) အားကစား ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တာဝန်ရှိသူများ၊ ပညာရေး ဒီဂရီကောလိပ်မှ ဆရာ ဆရာမ များနှင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြော ကြားသည်။ ထို့နောက် ပြိုင်ပွဲ ဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆို ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အားကစားအဖွဲ့များကို လိုက်လံ နှုတ်ဆက်ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက သက်ဆိုင်ရာပညာရေး ဒီဂရီကောလိပ်ပေါင်းစုံမှ ကျောင်း သား ကျောင်းသူများ၏ သရုပ်ပြ ဖျော်ဖြေ တင်ဆက်ခြင်းတို့အား ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်