၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

 

သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၂၃ ခုနှစ် ဇွန်လ   ၅   ရက်နေ့တွင် ကျရောက်မည့်   ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို      “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ - Solutions to Plastic Pollution ” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ   အထိမ်းအမှတ်အခမ်းအနားကို  ဂုဏ်ပြုသောအားဖြင့် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲများကို  ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသဖြင့် ၁၈-၅-၂၀၂၃(ကြာသပတေးနေ့) နောက်ဆုံး ထား၍   ပြိုင်ပွဲဝင်စာမူများ   ပေးပို့နိုင်ပါကြောင်းနှင့်   အသေးစိတ် အချက်အလက်များကို  နေပြည်တော်၊   တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများနှင့်        ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏   Website  (www.ecd.gov.mm)  နှင့် Facebook Page(Environmental Conservation Department-ECD)တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း  အသိပေးအပ်ပါသည်။ ဆုရရှိသူများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်  အခမ်းအနားတွင်   ဆုချီးမြှင့် သွားမည်ဖြစ်ပါသဖြင့်   စိတ်ပါ ဝင်စားသူများအနေဖြင့်  ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်   ဖိတ်ခေါ်အပ်ပါ သည်။


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန