
နေပြည်တော် ဇန်နဝါရီ ၁၉
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင် ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက် ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် အထူးပြုရေးသားသည့် “(၇၅) နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်” မျက်နှာဖုံး ဆောင်းပါးနှင့် ဝတ္ထုတိုများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင် (ဇန်နဝါရီလ)ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်တွင် ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ စန်းနီလာဝင်း၊ ခင်မောင်အေး၊ ဆောင်းဝင်းလတ်၊ စိုးစိုး(ပန်းတောင်း)၊ ဒေါက်တာ သန်းထွဋ်တို့၏ “(၇၅) နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်” မျက်နှာဖုံး ဆောင်းပါးနှင့် ဝတ္ထုတိုများ၊ ဒေါက်တာ ခင်မောင်ညို၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ တွဲဖက်ပါမောက္ခ ဦးလွင်မြင့်၊ ညီညီဖေ၊ ညီမော် သိမ်း၊ ရဲထက်ဇော်၊ ဖြူနှင်းခင်တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ-အင်္ဂလိပ်ဘာသာစကား) ၏ အတွေးအခေါ် နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါး၊ အေးထွန်းမင်း၊ K. M. A တို့၏ နိုင်ငံတကာနှင့် ဒီမိုကရေစီဆိုင်ရာဆောင်းပါးများ၊ ဦးစိုင်းကျော်သူ၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်းပါး၊ ပါမောက္ခကိုကိုအောင်၊ လဲ့လဲ့ဝင်း (သတ္တဗေဒ)၊ မြသိန်းတို့၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ ထက်ဝေအောင်(စစ်ကိုင်း) ၏ အကြမ်းဖက်မှုဆိုင်ရာ ဆောင်းပါး၊ ဒေါက်တာ ကောင်းစံ၊ မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်၊ ဒေါက်တာ မြင့်သန်းတို့၏ မူးယစ်နှင့် ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊ သန်းစော (စီပီအေ)၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ စောနိုင် (အသုံးချဘောဂဗေဒ) တို့၏ စီးပွားရေးဆိုင်ရာ ဆောင်းပါးများ၊ နိုင်သောင်းထွဋ်၊ ကြည်လွင်ဦး (ရေနံ)၊ ခြယ်မှုန်းသီ၊ စိန်ဝင်းနွယ်၊ လင်း (ဆေး-၁)၊ လင်းထက်သော်တာ၊ စိန်ဝင်းမော်၊ မော်(သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ကျပ် ၃၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း ၀၆၇- ၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေ ဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူ နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်