
နေပြည်တော် အောက်တိုဘာ ၂၁
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက် ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းအရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “အခြေခံလူ့အခွင့်အရေးများနှင့် ငြိမ်းချမ်းသာယာသည့် လူ့ဘောင်” မျက်နှာဖုံး ဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ် ရေးရာစာစောင် (အောက်တိုဘာလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန စာပေဗိမာန်က ဖြန့်ချိထားပြီဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလထုတ် သုတပဒေသာနှင့် လူငယ် ရေးရာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ K. M. A တို့၏ “အခြေခံ လူ့အခွင့်အရေးများနှင့် ငြိမ်းချမ်းသာယာသည့် လူ့ဘောင်” မျက်နှာဖုံး ဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ ရန်ကုန်ဌေးဇော်၊ ဆန်းသစ်အောင်(မဟာဝိဇ္ဇာ-အင်္ဂလိပ် ဘာသာစကား)၊ ညီမော်သိမ်း၊ ကျော်နန္ဒအောင် (MPA)၊ မောင်ပေါ်ထွန်း တို့၏ လူငယ်ရေးရာ ဆောင်းပါးများ၊ ပါမောက္ခကိုကိုအောင်၊ အေးထွန်းမင်းတို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ သောင်းထိုက်ဦး (သင်္ဃန်းကျွန်းကြီး)၊ ရဲထက်ဇော်၊ ကိုကျော်စွာ (ကျိုက်ပိ)တို့၏ သဘာဝ ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ ခင်မောင်အေး၊ စောနိုင် (အသုံးချဘောဂ ဗေဒ)တို့၏ စီးပွားရေးဆိုင်ရာ ဆောင်းပါးများ၊ ဒေါက်တာကောင်းစံ၏ အကြမ်းဖက်မှုဆိုင်ရာဆောင်းပါး၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ ကျန်းမာရေး) ၏ မူးယစ်ဆေးဝါးဆိုင်ရာ ဆောင်းပါး၊ ကိုကိုအောင် (အလုပ်သမား)၊ ဒေါက်တာမြင့်သန်းတို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိုးစိုး (ပန်းတောင်း)၊ ဆောင်းဝင်းလတ်၊ ထက်ဝေအောင် (စစ်ကိုင်း)၊ မြသိန်း၊ မော်(သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ် တင်ဆက် ထားသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်၊ ဖုန်း ၀၆၇- ၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း- ၀၂- ၄၀၃ဝ၁၈၆ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေ ဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ တို့သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်