
နေပြည်တော် နိုဝင်ဘာ ၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှုစောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသ ကြီးနှင့်ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့်ဇလဗေဒစခန်း ၄၁ ခု (ပုံ-၁)တွင် ရွာသွန်းသောမိုးရေ များကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများတိုင်းတာ ခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုင်းတာသည့် ၄၁ စခန်းလုံးတွင် မိုးရွာသွန်းခဲ့သဖြင့် မိုးရေနမူနာ များ စုဆောင်းရယူခဲ့ပါသည်။ မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် ၄၁ စခန်းတို့တွင် ရွာသွန်းခဲ့သောမိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး (6.5 – 8.5) အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့ပါသည်။
မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက် ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် ၄၁ စခန်းတို့၌ ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း တွေ့ရှိရပါသည်။ (ပုံ-၂)