၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀


၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့  ဂုဏ်ပြုအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် နေပြည်တော် မြို့တော်ခန်းမရှေ့ရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။

 


အဆိုပါ အခမ်းအနားကျင်းပပုံများကို  ယင်းနေ့နံနက် ၆ နာရီ မိနစ် ၄၀ မှ စတင်ပြီး  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD ၊ MRTV News ၊ MRTV-NRC တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း၊ MITV၊ MWD - HD ၊ MWD Variety - HD ၊ Reader’s Channel ၊ 5 Plus ၊ Channel-9 ၊  MNTV ၊  Sky Net  တိုင်းရင်းသား Channel ၊ MOI Website ၊  MOI Youtube ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM ၊ FM ပုဂံ ၊ချယ်ရီ  FM နှင့် Star FM တို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။    

                                            
သတင်းစဉ်