၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်လေးများရဲ့အနာဂတ် တစ်ကိုယ်တော် သီဆိုဖျော်ဖြေပွဲကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၂


၂၀၂၃  ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်    နိုင်ငံကျော်အဆိုတော်    မြန်မာပြည်သိန်းတန်၏   ကြယ်လေးများရဲ့အနာဂတ်  တစ်ကိုယ်တော် သီဆိုဖျော်ဖြေပွဲကို   ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(MICC II)၌ ကျင်းပသည်။ 

 


အဆိုပါ   သီဆိုဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော   ဦးခင် မောင်ဆွေ၊      ဒေါ်အေးနုစိန်၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ   အကြီးအကဲများ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားတွင်   လေထီးခုန် ဂုဏ်ပြုကြမည့်     လေထီးခုန် စစ်သည်များနှင့်   စစ်သမီးများ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားတွင်   စာလုံးသရုပ် ဖော်ကြမည့်      ကျောင်းသား ကျောင်းသူများ၊   ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား  ပြောကြား ရာတွင် ယနေ့ ဖျော်ဖြေတင်ဆက် မှုမှာ ရင်ခွင်မဲ့ကလေးများအတွက် စီစဉ်ဆောင်ရွက်ခြင်း       ဖြစ်ပါ ကြောင်း၊ ရင်ခွင်မဲ့ကလေးများကို စာနာနားလည်စွာ ကူညီဖေးမသင့် ပါကြောင်း၊ ယနေ့တွင် အသက် လေးနှစ်မှ ၂၀ ကျော်အရွယ်အထိ ရင်ခွင်မဲ့ကလေးများက မြန်မာပြည် သိန်းတန်နှင့်အတူ ပါဝင်ဖျော်ဖြေ တင်ဆက်မည့် အစီအစဉ်လည်း ပါဝင်ပါကြောင်း ပြောကြားသည်။ 

 


သီဆိုဖျော်ဖြေ


ထို့နောက်       မြန်မာပြည် သိန်းတန်နှင့်အဖွဲ့က  ရတနာပုံ၊ အောင်စေ    တည်စေ   ညီစေ၊ လွတ်လပ်ရေးတေးသံ၊  ပြောင်းလဲ နေသောရွာကလေး ၊ ယောသူ တို့ ရွာ + မဗေဒါသီချင်းတို့ဖြင့် သီဆို ဖျော်ဖြေတင်ဆက်သည်။ 

 


ယင်းနောက်       အလှူငွေ ပေးအပ်ပွဲကို ကျင်းပရာ ရင်ခွင်မဲ့ ကလေးများအတွက်  နွေးထွေး သော   ကမ်းလက်များ  ဖောင်ဒေး ရှင်း၊   ရွှေသံလွင်မီဒီယာကုမ္ပဏီ လီမိတက်နှင့်      စေတနာရှင် အလှူရှင်တစ်ဦးတို့က   ငွေကျပ် သိန်း   ၁၀၀  စီ၊  ဦးလှစိုးဦး - ဒေါ်သန်းသန်း (သာယာကြည်နူး ဖွယ်      ကျောက်မျက်ကုမ္ပဏီ လီမိတက်)က ငွေကျပ်သိန်း ၁၅၀၊ ဦးအောင်မျိုးဝင်း - ဒေါ်မေသူဇာ ဝင်း (May Thu 27 ) အိမ်ခြံမြေ ရောင်းဝယ်ရေးက ငွေကျပ် သိန်း ၃၀ တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး  ဦးမောင် မောင်အုန်းက     လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ် သည်။ 

 


ပျော်ရွှင်စွာအားပေး


ဆက်လက်၍      မြန်မာပြည် သိန်းတန်နှင့်အဖွဲ့က စနေထောင့် မှာ ပန်းလှူမယ်၊ ရင်ခွင့်မဲ့ကလေး ၅၀ နှင့်အတူ ပူးပေါင်းတင်ဆက် သည့်        ကြယ်စင်လေးများ၊ ရွှေသုန္ဒရီ၊     ချစ်စိတ်ငယ်ငယ်၊ နှင်းပွင့်သစ္စာ၊ Uncle ကတော့နိုးပါ စသည့် တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေရာ တက်ရောက်လာကြ သူများက   ပျော်ရွှင်စွာ  အားပေး ကြည့်ရှုကြသည်။ 

 


ဝိုင်းဝန်းကူညီ


မြန်မာနိုင်ငံ     တစ်ဝန်းတွင် အကြောင်း     အမျိုးမျိုးကြောင့် ရင်ခွင်မဲ့နေကြသော     ရင်သွေး ရတနာလေးများ၊ ဘဝအခြေအနေ ချို့တဲ့နေရှာသော ကလေးသူငယ် များ   များစွာရှိနေရာ  ၎င်းတို့ကို စနစ်တကျ    ပြုစုပျိုးထောင်၍ တန်ဖိုးရှိသော လူချွန်လူကောင်း များ ဖြစ်ပေါ်လာအောင် မေတ္တာ ဖြင့်   ထုံမွမ်း၍   ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ 

 


သို့အတွက် ယနေ့တွင် နိုင်ငံ ကျော်  တေးသံရှင်  မြန်မာပြည် သိန်းတန်က ရင်ခွင်မဲ့ကလေးများ ကို ကောင်းကင်တွင် တောက်ပ မည့်   ကြယ်ကလေးများအဖြစ် တင်စားကာ ကြယ်ကလေးများ၏ အနာဂတ်ဟု       အမည်တပ်၍ ဖျော်ဖြေတင်ဆက်ခြင်းဖြစ်သည်။ ရင်ခွင်မဲ့   ကလေးများအတွက် ယနေ့တွင် အလှူငွေကျပ်  ၅၅၉ သိန်းကျော်ရရှိခဲ့ကြောင်း   သိရ သည်။   

     သတင်းစဉ်