
ဟားခါး ဇန်နဝါရီ ၁၄
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက် မည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသား နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက် က ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ၂၀၂၃ ခုနှစ်တွင် ကျရောက် မည့် ချင်းအမျိုးသားနေ့သည် စိန်ရတုဖြစ်သည့် အတွက် ယခင်နှစ်များထက် ပိုမိုပြီး ထူးထူးခြားခြား ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အခမ်းအနား ဖိတ်စာနှင့် ပို့စကတ်များကို လှလှပပ ပြုလုပ်ရန်နှင့် ဧည့်ခံကျွေးမွေးရေး အစီအစဉ်များကိုလည်း ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြီးခဲ့သည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမောင်းဟာတို့ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ ကြောင်း၊ ယခုနှစ်ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆပ်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ် သဖြင့် အစည်းအဝေး တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် က လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးသည်။
တင်ပြဆွေးနွေးပေး
ထို့နောက် (၇၅) နှစ်မြောက် စိန်ရတု ချင်း အမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဟန်ဝင်းအောင်က ချင်းအမျိုးသားနေ့သည် နှစ်စဉ်နှစ်တိုင်း ကျင်းပပြီး ဖြစ်သည့်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို သိရှိထား ပြီး ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီအလိုက် ဆုံးဖြတ် ပေးရမည့်အချက်များကို ပြည့်ပြည့်စုံစုံ တင်ပြ ဆွေးနွေးစေလိုကြောင်းနှင့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးက (၇၅) နှစ် မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကို စည်ကားစွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီအသီးသီးမှ ဆွေးနွေး ပေးကြရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ဆပ်ကော်မတီအသီးသီးတို့၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်မည့်အစီအမံများနှင့် ခန့်မှန်း ကုန်ကျစရိတ်များကို Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ဆပ်ကော်မတီအသီးသီး၏ဆွေးနွေး တင်ပြချက်များအပါ် တာဝန်ရှိသူများနှင့် ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)