
နေပြည်တော် စက်တင်ဘာ ၂၄
(၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော်ကို တရုတ်နိုင်ငံ ဟန်ကျိုး မြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၇ ရက် အထိ ကျင်းပလျက်ရှိရာ အုပ်စု (A) ၏ နောက်ဆုံးပွဲစဉ်အနေဖြင့် မြန်မာအမျိုးသားလက်ရွေးစင်အသင်းနှင့် အိန္ဒိယအသင်းတို့သည် စက်တင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ အဆိုပါပွဲစဉ် ယှဉ်ပြိုင်ကစားကြပုံကို ညနေ ၅ နာရီ ၄၅ မိနစ်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV HD ၊ MRTV Sports Channel ၊ MRTV Farmers’ Channel ၊ MRTV Parliament Channel နှင့် မြန်မာ့အသံရေဒီယိုတို့တွင် တိုက်ရိုက် (Live) ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်