၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား(ဒုတိယအကြိမ်) ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများထောက်ပံ့

 

နေပြည်တော်  နိုဝင်ဘာ   ၈


၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်   ပညာသင်ကြား လျက်ရှိသည့်  အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ       မိသားစုဝင် ကျောင်းသား  ကျောင်းသူများအား (ဒုတိယအကြိမ်)   ကျောင်းသုံး ဗလာစာအုပ်နှင့်  စာရေးကိရိယာ များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင်   တိုင်းစစ် ဌာနချုပ်ရှိ  အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်မှူးချုပ် စိုးမင်းနှင့်   အရာရှိ၊  စစ်သည်၊ မိသားစုဝင်များ၊   ကျောင်းသား ကျောင်းသူများ  တက်ရောက်ကြ သည်။


ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်  တာဝန်ရှိသူများက ၂၀၂၃- ၂၀၂၄  ပညာသင်နှစ်တွင် တက်ရောက်        ပညာသင်ကြား လျက်ရှိသည့်   ကျောင်းသား ကျောင်းသူများအား  ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာ များ   ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း   သတင်း ရရှိသည်။                    

သတင်းစဉ်