၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို

 

နေပြည်တော်   မတ်     ၁၂ 


၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ ကို   မတ် ၁၁ ရက်တွင်    စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ် ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ပညာ   အထက်တန်းကျောင်းများ၌  ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ 


ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမ များက ကျောင်းသား ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြ သည်။     ယင်းသို့     ကျောင်းသား  ကျောင်းသူများ စိတ်အေးချမ်းသာစွာ        ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်  အပြင်များ၌  သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊    ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး  အဖွဲ့ဝင်များ က  စနစ်တကျ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။


ယခုနှစ်တွင်      နိုင်ငံခြားစာစစ် ဌာန   ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ် ဌာန  ၈၃၀  စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆၅၂၃ ဦးရှိပြီး  စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ     စုစုပေါင်း ၁၂၈၇၂၅     ဦးရှိကာ   ဖြေဆိုသူ ရာခိုင်နှုန်း ၈၇ ဒသမ ၈၅  ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။


ထိုသို့ ကျောင်းသား  ကျောင်းသူ များ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေ မှုများကို   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊   သက်ဆိုင်ရာ  တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်