၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများစတင်ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃


ပညာရေးဝန်ကြီးဌာန    ဆရာ အတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄   ပညာသင်နှစ်    ပညာရေး   ဒီဂရီကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲကို    ဒီဇင်ဘာ   ၂၂  ရက်မှ  ၂၆ ရက်အထိ    နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ       အားကစားကွင်း၊ အားကစားရုံများ၌      ကျင်းပ လျက်ရှိရာ    ယနေ့နံနက်ပိုင်းမှ စတင်ပြီး   အားကစားနည်းများ အလိုက်ယှဉ်ပြိုင်ကစားကြသည်။
 ယနေ့နံနက်   ၇  နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြေးခုန် ပစ်ပြိုင်ပွဲ  ပထမနေ့ပွဲစဉ်အဖြစ် အမျိုးသား  မီတာ ၄၀၀  အပြေး ပြိုင်ပွဲ၊  အမျိုးသမီး   မီတာ  ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား အလျား ခုန်ပြိုင်ပွဲ၊   အမျိုးသမီးအလျား ခုန်ပြိုင်ပွဲ၊ အမျိုးသားသံလုံးပစ် ပြိုင်ပွဲ၊ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲ များကိုကျင်းပကြရာ အမျိုးသား မီတာ   ၄၀၀   အပြေးပြိုင်ပွဲတွင် မောင်မြမိုးအောင်   (မြစ်ကြီးနား) က   ပထမ၊   မောင်အောင်ပိုင်စိုး (ရန်ကင်း)က ဒုတိယ၊ မောင်ဝေဖြိုး အောင်(တောင်ကြီး)က တတိယ ရရှိကြသည်။ 


အမျိုးသမီး မီတာ ၄၀၀အပြေး ပြိုင်ပွဲတွင်    မဆန်ဒေါင်းဇိတာရီ (မြစ်ကြီးနား)က  ပထမ၊   မဝင်း နေခြည်(ဘားအံ)က    ဒုတိယ၊ မမိုးဝသန်ထက်   (ရန်ကင်း)က တတိယရရှိပြီး       အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် မောင်ဟိန်း ထက်(ပခုက္ကူ)က ပထမ၊ မောင်နိုင် ထက်ဦး(ထားဝယ်)က   ဒုတိယ၊ မောင်မင်းစောချစ်(မြစ်ကြီးနား)က တတိယရရှိကြသည်။ အမျိုး သမီး အလျားခုန်ပြိုင်ပွဲတွင်  မဖူးငုံ (ရန်ကင်း)က   ပထမ၊   မဆုပြည့် ပြည့်ဦး(ထားဝယ်)က   ဒုတိယ၊ မနန်းအေးအေးမိုး (ဘားအံ)က တတိယရရှိကြသည်။


အမျိုးသား    သံလုံးပစ်ပြိုင်ပွဲ တွင် မောင်ကျော်စွာဦး(ဘားအံ)က   ပထမ၊  မောင်မင်းဇင်ဟိန်း (ပုသိမ်)က   ဒုတိယ၊   မောင်ပြည့်စုံ အောင်(၁)(ဘိုကလေး)က တတိယ  ရရှိကြပြီး   အမျိုးသမီးသံလုံးပစ် ပြိုင်ပွဲတွင်မသီသီဟန်(မကွေး)က  ပထမ၊ မဇူးဇူးအောင်(ဘိုကလေး) ကဒုတိယ၊ မပန်ဆုဝေ(တောင်ကြီး)  က တတိယဆုများကို   ရရှိကြရာ  ပြိုင်ပွဲများအပြီးတွင်    ဆုရရှိသူ များအား     တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့အတူ       ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ     အမျိုးသား အမျိုးသမီး ဘော်လီဘော၊  ပိုက် ကျော်ခြင်း၊    ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို    နိုဝင်ဘာ   ၆ ရက်မှစတင်၍        မန္တလေးဇုန် (အထက်မြန်မာပြည်)၊ ရန်ကုန်ဇုန် (အောက်မြန်မာပြည်)  တို့၌   ဇုန် အလိုက်ကစားခဲ့ကြပြီး    ယနေ့ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစား  ကွင်း        သတ်မှတ်နေရာများ၌ ဆီမီးဖိုင်နယ်ပွဲစဉ်များကို   ဆက် လက် ယှဉ်ပြိုင်ကစားကြသည်။  


ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံတွင်   အမျိုးသား   အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို   ယှဉ်ပြိုင် ကစားကြရာ    ပညာရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီး   ဒေါက်တာ ဇော်မြင့်၊      ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း များ၊ အုပ်ချုပ်သူ၊  နည်းပြများနှင့် ကျောင်းသား        ကျောင်းသူများ လာရောက်ကြည့်ရှု  အားပေးကြ သည်။ 


အမျိုးသမီး      ဘော်လီဘော ပြိုင်ပွဲတွင် မန္တလေး(က)အသင်း က  ရန်ကုန်(ခ)အသင်းကို သုံးပွဲ ပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန် (က) အသင်းက     မန္တလေး(ခ)အသင်းကို သုံးပွဲပြတ်ဖြင့်  လည်း ကောင်း အနိုင်ရရှိကြပြီး အမျိုး သား        ဘော်လီဘောပြိုင်ပွဲတွင် ရန်ကုန်(က) အသင်းက မန္တလေး (ခ) အသင်းကို      သုံးပွဲပြတ်ဖြင့် အနိုင်ရရှိကြသည်။ 


ဝဏ္ဏသိဒ္ဓိ      အားကစားကွင်း (C)ရုံတွင် အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြ ရာ ရန်ကုန်(ခ)အသင်းက မန္တလေး  (က)အသင်းကို      နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊        မန္တလေး(ခ) အသင်းက ရန်ကုန်(က)အသင်းကို နှစ်ပွဲပြတ်ဖြင့်         လည်းကောင်း အနိုင်ရရှိကြသည်။


ဝဏ္ဏသိဒ္ဓိ   အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် အမျိုးသား ဘောလုံးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ     မန္တလေး (က)အသင်းက ရန်ကုန်(ခ)အသင်း  ကို  သုံးဂိုး - နှစ်ဂိုးဖြင့်   လည်း ကောင်း၊   မန္တလေး(ခ)အသင်းက ရန်ကုန်(က)အသင်းကို     တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိ  ခဲ့ကြောင်း သိရသည်။    

သတင်းစဉ်