၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် 
ကို   ဒီဇင်ဘာ ၅ ရက်မှ ၁၆ ရက်အထိ  နေပြည်တော်ရှိ   ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အားကစားရုံများနှင့် လယ်ဝေးအားကစားလေ့ကျင့် ရေးစခန်းတို့တွင်    ကျင်းပလျက်ရှိရာ    ယနေ့နံနက်ပိုင်းမှစတင်ပြီး အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ယနေ့  နံနက်  ၇  နာရီတွင် လယ်ဝေး အားကစားလေ့ကျင့်ရေး  စခန်း၌         ပြေးခုန်ပစ်ပြိုင်ပွဲ၏  ဒုတိယနေ့ပွဲစဉ်အဖြစ် အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲ၊ အမျိုး သမီး    အလျားခုန်ပြိုင်ပွဲ၊    အမျိုး သား  မီတာ  ၈၀၀  အပြေးပြိုင်ပွဲ၊ အမျိုးသမီးမီတာ   ၈၀၀    အပြေး ပြိုင်ပွဲ၊   အမျိုးသား    အလျားခုန် ပြိုင်ပွဲ၊   အမျိုးသမီး   မီတာ   ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲနှင့်     အမျိုး သားမီတာ ၁၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲများကိုကျင်းပကြရာ  အမျိုး သမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲ တွင် မစုနှင်းဝေ(မကွေး)က ပထမ၊  မမီမီဟန် (ရန်ကုန်) က ဒုတိယ၊ မကြယ်စင်သန့်   (မန္တလေး)    က တတိယရရှိကြသည်။  အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် မပြည့်ဖူး ဝေ (ကချင်) က ပထမ၊ မနှင်းအိ အောင်  (မကွေး) က     ဒုတိယ၊ မစိုးစန္ဒာထက်    (ဧရာဝတီ)    က  တတိယရရှိကြသည်။ အမျိုးသား  မီတာ   ၈၀၀    အပြေးပြိုင်ပွဲတွင်  မောင်သက်အောင် (မန္တလေး) က ပထမ၊မောင်နက်ရှိုင်း (တနင်္သာရီ)က    ဒုတိယ၊    မောင်ထက်စိုးခန့် (ကရင်) က တတိယရရှိကြသည်။ 
ဆုများချီးမြှင့်ပေး
အမျိုးသမီးမီတာ           ၈၀၀ အပြေးပြိုင်ပွဲတွင် မမေနွယ်ထွန်း (မကွေး) က ပထမ၊ မပြည့်ပြည့် (တနင်္သာရီ) က ဒုတိယ၊ မဝေနှင်းဦး (ရှမ်း) က  တတိယရရှိကြသည်။  အမျိုးသား အလျားခုန်ပြိုင်ပွဲတွင်  မောင်ဇော်လင်းထက် (ဧရာဝတီ)က ပထမ၊ မောင်နှိုင်းဆက်ထွန်း  (ကချင်) က ဒုတိယ၊ မောင်အောင် ခန့်သူ (မန္တလေး) က တတိယရရှိ ကြသည်။ အမျိုးသမီး မီတာ ၁၀၀   လက်ဆင့်ကမ်း          ပြိုင်ပွဲတွင် တနင်္သာရီတိုင်း       ဒေသကြီးက ပထမ၊   မကွေးတိုင်းဒေသကြီးက ဒုတိယ၊           ကချင်ပြည်နယ်က တတိယ ရရှိကြသည်။ အမျိုးသား မီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ တွင် တနင်္သာရီတိုင်းဒေသကြီးက  ပထမ၊ မန္တလေးတိုင်းဒေသကြီးက  ဒုတိယ၊ မကွေးတိုင်းဒေသကြီးက တတိယရရှိကြရာ       ပြိုင်ပွဲများ အပြီးတွင် သက်ဆိုင်ရာတာဝန်ရှိ သူများက ဆုများကို ချီးမြှင့်ပေး ကြသည်။
ထို့ပြင် ယနေ့နံနက်မှ  စတင် ၍     ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Boxing         အားကစားခန်းမ၌ ကျင်းပသည့် အမျိုးသမီးပိုက်ကျော် ခြင်းပြိုင်ပွဲတွင်            ရန်ကုန်က မန္တလေးအသင်းကို      နှစ်ပွဲပြတ် ဖြင့်လည်းကောင်း၊    ဧရာဝတီက စစ်ကိုင်းအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  တနင်္သာရီအသင်း က နေပြည်တော်အသင်းကို နှစ်ပွဲ- တစ်ပွဲဖြင့်လည်းကောင်း၊  မွန်ပြည် နယ်အသင်းက   ကရင်ပြည်နယ် အသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်း ကောင်း       အနိုင်ရရှိကြသည်။  အမျိုးသားပိုက်ကျော်ခြင်း   ပွဲစဉ် တွင် ရန်ကုန်က ကချင်အသင်းကို နှစ်ပွဲပြတ်ဖြင့်    လည်းကောင်း၊ တနင်္သာရီက မကွေးကို နှစ်ပွဲပြတ် ဖြင့်လည်းကောင်း၊   စစ်ကိုင်းက ရှမ်းပြည်နယ်အသင်းကို     နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ မန္တလေး က ပဲခူးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။ 
အနိုင်ရရှိ
ဝဏ္ဏသိဒ္ဓိ  အားကစားကွင်း (C)  ရုံ၌ ကျင်းပသည့်  အမျိုးသား ကြက်တောင်ရိုက်ပြိုင်ပွဲ      တွင်  နေပြည်တော်က   မွန်ပြည်နယ် အသင်းကို သုံးပွဲ-တစ်ပွဲဖြင့်လည်း ကောင်း၊ ကချင်က ကရင်ကို သုံးပွဲ- တစ်ပွဲဖြင့် လည်းကောင်း၊  ရှမ်းက မန္တလေးကို သုံးပွဲ-တစ်ပွဲဖြင့်လည်း ကောင်း၊    ရန်ကုန်က   စစ်ကိုင်း ကို  သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြပြီး          အမျိုးသမီး ကြက်တောင်ရိုက်      ပြိုင်ပွဲတွင် ကရင်က စစ်ကိုင်းကို သုံးပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း၊   ရန်ကုန်က ကချင်ကို  သုံးပွဲပြတ်ဖြင့်  လည်း ကောင်း၊            နေပြည်တော်က တနင်္သာရီကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊    ဧရာဝတီက     ရှမ်းကို သုံးပွဲ-တစ်ပွဲဖြင့်    လည်းကောင်း  အနိုင်ရရှိကြသည်။ 
ဝဏ္ဏသိဒ္ဓိ  အားကစားကွင်း  (A) ရုံ၌ ကျင်းပသည့် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တနင်္သာရီ က  မန္တလေးကို    သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ မကွေးက ရန်ကုန် ကို သုံးပွဲပြတ်ဖြင့်လည်းကောင်း   အနိုင်ရရှိကြပြီး    အမျိုးသားပြိုင်ပွဲ တွင် မန္တလေးက ဧရာဝတီကို သုံးပွဲ ပြတ်ဖြင့်လည်းကောင်း၊   ရှမ်းက မကွေးကို သုံးပွဲ-တစ်ပွဲဖြင့်လည်း ကောင်း    အနိုင်ရရှိကြသည်။    စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသား ပွဲစဉ်တွင် ပဲခူးက နေပြည်တော်ကို သုံးပွဲ-တစ်ပွဲဖြင့်   လည်းကောင်း၊   ကချင်က ကရင်ကို သုံးပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း၊   ရန်ကုန်က    ဧရာဝတီကို  သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ ရှမ်းက မကွေးကို သုံးပွဲ- နှစ်ပွဲဖြင့်လည်းကောင်း   အနိုင်ရရှိ ကြပြီး အမျိုးသမီးပွဲစဉ်တွင် ဧရာ ဝတီက    နေပြည်တော်ကို   သုံးပွဲ- တစ်ပွဲဖြင့်လည်းကောင်း၊ ကရင်က တနင်္သာရီကို    သုံးပွဲ-တစ်ပွဲဖြင့်           လည်းကောင်း၊ စစ်ကိုင်းက ရန်ကုန် ကို သုံးပွဲ-နှစ်ပွဲဖြင့်လည်းကောင်း၊       ပဲခူးက မန္တလေးကို သုံးပွဲ-နှစ်ပွဲဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။ 
အမျိုးသား     ဘောလုံးပြိုင်ပွဲ တွင်    မန္တလေးနှင့်    တနင်္သာရီ လေးဂိုးစီဖြင့် သရေကျပြီး ကချင် က    မွန်ကို  ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိပြီး အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင်   ရှမ်းက   မန္တလေးကို လေးဂိုးပြတ်ဖြင့်  လည်းကောင်း၊   ဧရာဝတီက    ကချင်ကို    လေးဂိုး- တစ်ဂိုးဖြင့်လည်းကောင်း   အနိုင် ရရှိကြကြောင်း သိရသည်။
သတင်းစဉ်