၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန်ရှိ ဘဏ်များ၏ ငွေရေးကြေးရေးခိုင်မာမှုအခြေအနေများအပေါ် ဆန်းစစ်ချက်များနှင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များအား အပြည့်အဝဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် လမ်းညွှန်မှာကြားသည့် အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၃၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ  ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌများ၊    ညွှန်ကြား ရေးမှူးချုပ်များနှင့်   မြန်မာနိုင်ငံ ဘဏ်များအသင်း၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊     အမှု ဆောင်အဖွဲ့ဝင်များနှင့် ဘဏ်များ ၏ အမှုဆောင်အရာရှိချုပ်များနှင့် တွေ့ဆုံ၍      မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ    ချမှတ်ထားသည့်   စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန် ချက်များအား အပြည့်အဝဆောင် ရွက်ရမည့်    ကိစ္စရပ်များအပေါ် လမ်းညွှန်မှာကြားသည့် အစည်း အဝေးကို  ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံတော်     ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ   အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင်   မြန်မာ နိုင်ငံတော်ဗဟိုဘဏ်    ဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန်ရှိ ဘဏ်များ၏    ငွေရေးကြေးရေး ခိုင်မာမှု   အခြေအနေများအပေါ် ဆန်းစစ်ချက်များ၊    Financial Soundness   Indicator  များ အား ရှင်းလင်းခြင်း၊ ဘဏ်များက    ပြုပြင်ဆောင်ရွက်ရမည့် အချက် များ၊   Operational Risk နှင့် Credit Risk တို့ကို   အားကောင်း ခိုင်မာစွာ စီမံခန့်ခွဲနိုင်ရေး၊ ဘဏ် ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုဆိုင်ရာ အရာထမ်းများနှင့် အစုရှယ်ယာ ရှင်များအကြား      Corporate Governance များ ပိုမိုအားကောင်း စေရေး၊ ထုတ်ပြန်ထားသည့် စည်း မျဉ်းများကို လိုက်နာမှုအခြေအနေ များ၊ နိုင်ငံခြားငွေ စီးဝင်/ စီးထွက် မှုများတွင်    စိစစ်ကြီးကြပ်သည့် အချက်များ၊   FATF   အကြံပြု ချက်များအပေါ်  မြန်မာနိုင်ငံက အကောင်အထေည်ဖော် လိုက်နာ ဆောင်ရွက်နေမှုများ၊ ဘဏ်များ က  သတင်းပေးပို့ဆောင်ရွက်ရာ တွင်     စိစစ်ရမည့်အချက်များ၊ ပြင်ပစာရင်းစစ်များ    ခန့်အပ်မှု အခြေအနေများ၊ Digital Plat-form များတွင် Digital Payment များဆောင်ရွက်ရာ၌ စိစစ်ရမည့် အချက်များ၊   မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လိုအပ်သည့်အချိန် ၌ ငွေကြေးမူဝါဒအရ အကောင် အထည်ဖော်ရာတွင် အတိုးနှုန်း သာမက   အနည်းဆုံး   သီးသန့် ငွေလိုအပ်ချက်အချိုး  သတ်မှတ် ခြင်း  (Reserve Requirement Ratio-RRR)၊ ပိုလျှံသီးသန့်ငွေ အပေါ် အတိုးပေးခြင်း (Interest on Excess Reserve - IOER) များ ဆောင်ရွက်နေမှုများ၊ ၎င်းအပြင် Open Market Operation အရ လိုအပ်ပါက  Monetary  Note များကို  Digital Platform တွင် စတင်     အကောင်အထည်ဖော် ဆောင်ရွက်ရမည့်    ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာသည့် သက်ဆိုင် ရာဘဏ်များကလည်း သိရှိလိုသည် များ မေးမြန်းခြင်းနှင့်  ပြန်လည်     ဆွေးနွေးခြင်းများ  ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်