၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   အောက်တိုဘာ    ၁၇


၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးထွန်းအုံ၊   ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ   ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်   ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများ၊  ညီနောင် အသင်းအဖွဲ့များမှ      လုပ်ငန်းရှင်များနှင့်     ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။     


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  ပြည်ပသို့  ပို့ကုန် တိုးမြှင့်တင်ပို့ရာတွင် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် နိုင်ငံတော်၏ ဦးတည်ချက် (၉)ရပ်တွင်  ပါရှိသည့်   စီးပွားရေးဦးတည်ချက်များကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းထွက်ကုန်ပစ္စည်း များအား  ပြည်ပနိုင်ငံ၏ စျေးကွက်လိုအပ် ချက်များနှင့်အညီ တင်ပို့ နိုင်ရေး၊ စျေးကွက်ချဲ့ထွင်တိုးမြှင့်တင်ပို့နိုင်ရန်အတွက် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ၊   စိုက်ပျိုးထုတ်လုပ်သူများအကြား  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရေး၊  ပို့ကုန်များ  လက်ရှိတင်ပို့နေသည့်   နိုင်ငံများ သာမက အခြားနိုင်ငံများသို့ စျေးကွက်သစ် ရှာဖွေတိုးချဲ့တင်ပို့နိုင်ရေး တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။


ထို့နောက် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ ဌာနဆိုင်ရာ  အကြီး အကဲများက   သက်ဆိုင်ရာကဏ္ဍအလိုက်   ဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။


ယင်းနောက် လုပ်ငန်းရှင်များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 
    

သတင်းစဉ်