
၁။ (၂၀၂၂) ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေး တက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ် သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိသူများ စာရင်းအား ကျန်းမာရေးဝန်ကြီးဌာန၏ Website နှင့် Facebook Page တွင် လည်းကောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website တွင် လည်းကောင်း၊ သက်ဆိုင်ရာတက္ကသိုလ်များ၏ ကြော်ငြာသင်ပုန်းနှင့် Website တို့တွင်လည်းကောင်း ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါသည်။
၂။ အဆိုပါသင်တန်းများကို (၂၁-၁၁-၂၀၂၂)ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး၌ (၈-၁၁-၂၀၂၂)ရက်နေ့မှစ၍ ကျောင်းအပ်နှံနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
(၅-၁၁-၂၀၂၂)