
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ၂၀၂၂ ခုနှစ် မေလအတွင်း ဖွင့်လှစ်ရန်လျာထားသည့် ၂၀၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် ဒုတိယအသုတ်(ဝိဇ္ဇာအထူးပြု)နှင့် တတိယအသုတ် (ဝိဇ္ဇာအထူးပြု) များ၏ အနီးကပ်သင်တန်း များကို ခေတ္တရက်ရွှေ့ဆိုင်းလိုက်သည်။
၂။ အဝေးသင်တက္ကသိုလ်သင်တန်း အသီးသီးအတွက် စာစဉ် ပို့ချဆွေးနွေးမှုများနှင့် အသံလွှင့်ပို့ချချက်များကို ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး အနီးကပ်သင်တန်းအချိန်စာရင်းကို အချိန်မီ အသိပေးကြေညာသွားမည်ဖြစ်သည်။
အဆင့်မြင့်ပညာဦးစီးဌာန