
နေပြည်တော် ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ် လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ် က ဆင်ဖြူတော်(အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက် နံနက်မင်္ဂလာအချိန် ၆ နာရီခွဲ တွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် နှစ်ပေ ငါးလက်မ၊ ကိုယ်လုံး လုံးပတ် သုံးပေ တစ်လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။
ခုနစ်ချက်ကိုက်ညီသောဆင်ဖြူတော်
ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ရှစ်ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီ နှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီး ခြင်း စသည့်ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ခုနစ်ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။
သင်ကြားပေးလျက်ရှိ
ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ ယခုအသက် တစ်နှစ် ခြောက်လသားအရွယ်တွင် အရပ်အမြင့် လေးပေ သုညလက်မ ကိုယ်လုံးလုံးပတ် ခြောက်ပေ ငါးလက်မ၊ ကိုယ်အလေးချိန် ၁၀၈၉ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ် နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင် တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ ကြောင်းနှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူ တော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေ ရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်