၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၇  


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ   မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ      ဆင်မ ဇာနန်းလှ  အသက် ၃၃ နှစ်က  ဆင်ဖြူတော် (အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန်  ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင်  အရပ်အမြင့် နှစ်ပေ ငါးလက်မ၊ ကိုယ်လုံး လုံးပတ်  သုံးပေ တစ်လက်မ၊  ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

 


ဆင်ဖြူတော်ကလေး၏   ဘွဲ့ နာမံတော်မှာ  “ရဌနန္ဒက”  ဖြစ်ပြီး အဆိုပါ       ဆင်ဖြူတော်လေး သည်   ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ရှစ်ချက်အနက် မျက်လုံးပုလဲရောင်         ဖြစ်ခြင်း၊ ကျောကုန်းမှာ       ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊    အမွေးအဖြူ ရောင်ဖြစ်ခြင်း၊    အမြီးတံခါးပိတ် ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက် ဖြစ်ခြင်း၊   အသားအရေပန်းရောင် ဖြစ်ခြင်း၊    ခြေဖဝါးတွင်   ရှေ့ခြေ သည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊      နားကြီးခြင်း စသည့်  ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ   ခုနစ်ချက် ကိုက်ညီသော    ဆင်ဖြူတော်လေး ဖြစ်သည်။ အထက်ပါ ဆင်ဖြူတော် လေး “ရဌ နန္ဒက”မှာ ယခုအသက် ခြောက်လခွဲသားအရွယ်တွင် အရပ် အမြင့် သုံးပေ နှစ်လက်မ၊ ကိုယ်လုံး လုံးပတ်   ၄   ပေ   ၁၀  လက်မ ၊    ကိုယ်အလေးချိန်   ၃၆၅   ပေါင် ရှိလာပြီး    ရတနာဆင်ဖြူတော်      ထိန်းသိမ်း      စောင့်ရှောက်ရေး ဥယျာဉ် နေပြည်တော်ရှိ     ရတနာ ဆင်ဖြူတော်ဆောင်တွင်         မိခင် ဆင်မကြီးနှင့်အတူ  ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း နှင့် ဆင်ဖြူတော်လေး   “ရဌနန္ဒက”  မှာ         ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့်  ဆင်ဖြူတော် လေးဖြစ်ပြီး  ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့်        လူသားတို့အကြား ကောင်းမွန်စွာ   ဆက်ဆံတတ်စေ ရန်   လေ့ကျင့်သင်ကြားခြင်းစနစ် (Peace Human and Elephant Interaction Training)     ဖြင့်   လေ့ကျင့်    သင်ကြားပေးလျက် ရှိကြောင်း သိရသည်။


သတင်းစဉ်