၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ခုနစ်သိန်းကျော် သီရိလင်္ကာနိုင်ငံသို့ ဝင်ရောက်ခဲ့ဟုဆို

 

ကိုလံဘို   ဇန်နဝါရီ    ၃


သီရိလင်္ကာနိုင်ငံသည်     နိုင်ငံတွင်း     စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်း ရိုက်ခတ်မှုများနှင့် ခါးသီး စွာ   ကြုံတွေ့ခဲ့ရသော်လည်း   နိုင်ငံတကာခရီးသွား ဝင်ရောက်မှု      ၇၀၀၀၀၀   ကျော်ရှိသည့်အတွက် အပေါင်းလက္ခဏာဆောင်သော နှစ်တစ်နှစ်အဖြစ် ၂၀၂၂ ခုနှစ်ကို အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်တွင် ဒေသတွင်း မီဒီယာများ၌ ဖော်ပြထား သည်။  

 


ဒီဇင်ဘာလတွင် သီရိလင်္ကာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှု စုစုပေါင်း ၉၁၉၆၁ ဦး ရှိသည့် အတွက်   ၂၀၂၂  ခုနှစ်တွင်   တတိယမြောက်လစဉ် ခရီးသွားဝင်ရောက်မှု အများဆုံးအဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဝင်ရောက်သူပေါင်းမှာ ၇၁၉၉၇၈ ဦးအထိ ရှိကြောင်း တရားဝင်    ကိန်းဂဏန်း   အချက်အလက်များအရ သိရသည်။  

 


သီရိလင်္ကာနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန သည် နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု အနည်းဆုံး ၈၀၀၀၀၀   လက်ခံရရှိရန်   မျှော်မှန်းထားခဲ့ကြောင်း သိရသည်။   သီရိလင်္ကာ   ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော အချက်အလက် အပေါ် အခြေခံ၍   နိုင်ငံတွင်းသို့   ဝင်ရောက်လာ သော   စုစုပေါင်း  ခရီးသွားများအနက်    အိန္ဒိယနိုင်ငံ က   ၁၇ ရာခိုင်နှုန်း၊   ရုရှားနိုင်ငံက   ၁၃  ရာခိုင်နှုန်း နှင့်    ဗြိတိန်နိုင်ငံက    ၁၂  ရာခိုင်နှုန်း  ရှိကြောင်း သိရသည်။  

                                                                                                               
  ဆင်ဟွာ